အပိုင်း-(၄၃)

4.3K 678 12
                                    

ငါ့သားကပြန်လည်မွေးဖွားလာတဲ့ ဗီလိန်
အပိုင်း-(၄၃)

ဖုယွင်ရော့သည် သစ်ခွပန်းများကို ခဏကြာအောင် ကြည့်ရှုစစ်ဆေးပြီးနောက် အပင်တစ်ပင်မှာ အနည်းငယ် ညိုးနေသည်ကို တွေ့လိုက်ရသည်။ သူမသည် ထိုအပင်အား ဂရုတစိုက်နှင့် မြေဇီလွှာလဲရန် အချိန်အတော်ကြာပေးလိုက်၏။တခြားပြဿနာများ ထပ်မရှိတော့သည်မှာ သေချာပြီဆိုမှ သူမသည် ထိုကလေး ဘာတွေလုပ်နေမလဲဟု တွေးကာ ဝမ်ဝမ်အား သွားကြည့်လိုက်၏။

သူမသည် အချိန်အတော်ကြာအောင် စဉ်းစားချင့်ချိန်ပြီးသည့်နောက် ဝမ်ဝမ်အား ပညာရေးနှင့်ဆိုင်သည့် အရုပ်ကလေးများ ဝယ်ပေးရန် ဆုံးဖြတ်လိုက်၏။ ဒီကလေးက ပုံမန်အရုပ်တွေထက် အဲ့လိုအရုပ်တွေကို ပိုစိတ်ဝင်စားပုံရတယ်။

သူမလျှောက်လာပြီးနောက် ဝမ်ဝမ်သည် စောင်ပေါ်တွင်လှဲကာ အိပ်ပျော်နေပုံရသည်ကို တွေ့လိုက်သည်။တိတ်ဆိတ်နေတာ မထူးဆန်းတော့ပါဘူး; ဒီကလေးက တကယ့်ကို အိပ်ပုတ်လေးပဲ။

ဖုယွင်ရော့၏ အမူအရာသည် ပျော့​ပျောင်းလာကာ ​သူ့အား အိပ်ယာဆီသို့ ချီလာရန် ခြေဖော့နင်းလာလိုက်၏။ဆောင်းတွင်းရောက်နေသည်မို့ ပန်းရုံထဲသည် အပြင်ကထက်အနည်းငယ် ပိုနွေးသည်ဆိုသော်လည်း နေဝင်သွားပြီးနောက်တွင်မူ အေးသထက်အေးလာတော့သည်။

ဖုယွင်ရော့သည် ကလေးငယ်၏ခန္ဓာကိုယ်ကို
ထိလိုက်သည်နှင့် ပုံမှန်မဟုတ်သည်ကို သတိပြုမိသွားသည်။ဖုယွင်ရော့သည် ဝမ်ဝမ်ကို အလျင်အမြန် ကောက်ပွေ့လိုက်သည်။ သူ့မျက်နှာလေးသည် နီမြန်းကာချွေးပြန်နေ၏။သူ၏ ခြေလက်များသည်လည်း ပူခြစ်နေကာအသက်ရှူသံသည်လည်း အလွန်နှေးကာ အာငွေ့များလည်း ပူနေ၏။

ဝမ်ဝမ် ဖျားနေပြီ!

ဖုယွင်ရော့သည် အလွန်ထိတ်လန့်သွား၏။ သူသည် သူ့သားအား စောင်ဖြင့် ကဗျာကယာပတ်ကာ လက်မောင်းတွင်ချီ၍ ပြေးထွက်လာ၏။ သူမသည် အပေါက်ဝသို့ရောက်သောအခါမှသာ ပိုက်ဆံအိတ်မယူလာမိသည်ကို အမှတ်ရ၍ သူတို့အခန်းထဲသို့ အမြန်ပြန်ပြေးကာ ပိုက်ဆံအိတ်ယူ၍ တစ်ဖန်ပြန်ပြေးထွက်လာရသည်။

ငါ့သားကပြန်လည်မွေးဖွားလာတဲ့ဗီလိန် (ဘာသာပြန်)Where stories live. Discover now