အပိုင်း-(၉၈)

2.5K 404 11
                                    

ငါ့သားက ပြန်လည်မွေးဖွားလာတဲ့ဗီလိန်

အပိုင်း-(၉၈)

ဖုန်းချပြီးနောက် ဖုယွင်ရော့သည် စူးစမ်းချင်စိတ်ဖြစ်လာသဖြင့် သူမကိုယ်တိုင် အခြေအနေကို စစ်ဆေးရန် အွန်လိုင်းသို့သွားခဲ့သည်။  သူမသည် ခေတ်စားနေသော အကြောင်းအရာများနှင့် လူအများ၏ မှတ်ချက်များကို ရှာဖွေခဲ့သည်။ ဖုယွင်ရော့ ရုတ်တရက်ရှက်သွားခဲ့တယ်။ သူမအနေနဲ့ သူ့ကိုယ်သူလှတယ်လို့ထင်ပေမယ့် ကောမန့်တွေမှာပြောထားသလိုမျိုး ချဲကားထားတာတော့မရှိပါဘူး။

သူမကို ‘Miss Mulberry’ လို့တောင် နာမည်ပြောင်ပေးထားတယ်။ ဗီဒီယိုထဲမှာ ပိုးစာတောင်းကို ကိုင်ထားလို့များလား။

ဖုယွင်ရော့သည် သူမဆက်လက်ရှာဖွေခဲ့သည်။

သူမ၏အလှကို ချီးမွမ်းတာကလွဲလို့ လူတွေက လျှို့ဝှက်ဆန်းကြယ်တဲ့မိန်းကလေး၏အသွင်ပြင်ကိုသာ ပြောနေကြပြီး သူမက ဖုယွင်ရော့ဆိုတာကို ဘယ်သူကမှမမှတ်မိကြဘူး။
အင်တာနက်သုံးစွဲသူတွေကတော့ တကယ့်ကို မေ့လျော့နေကြပါတယ်။  ဤကိုယ်ခန္ဓာ၏ မူလပိုင်ရှင်သည် အင်တာနက်ပေါ်တွင် အကြိမ်ကြိမ် ပေါ်လာခဲ့ပြီး သရော် လှောင်ပြောင်မှုများနှင့် စော်ကားမှုများသာ ကြုံတွေ့ခဲ့ရသည်ကို သူမ သတိရသွားတယ်။

သိသာထင်ရှားစွာပဲ တူညီသောမျက်နှာဖြစ်ပါရက်နဲ့ ဘာလို့များ ကွာခြားမှုက အရမ်းကြီးနေရတာလဲ။
ဖုယွင်ရော့က သူမမျက်နှာကို ဖုန်းရှေ့ကင်မရာမှန်‌ရှေ့မှာ သေချာကြည့်ခဲ့တယ်။ ယခင်ကနှင့် အခုမတူညီတာဆိုလို့ မိတ်ကပ်ပဲ... လူတွေက သူ့ကို တကယ်ပဲ မမှတ်မိကြဘူးလား။

ဖုယွင်ရော့သည် ယခင်က သတင်းများကို စတင်စစ်ဆေးခဲ့ပြီး တစ်ချိန်ချိန်တွင် သူမနှင့် ပတ်သက်သည့် သတင်းအားလုံးကို ယခင်က မရှိခဲ့သကဲ့သို့  အင်တာနက်ပေါ်တွင်ရှာမတွေ့တော့ကြောင်းတွေ့ရှိခဲ့သည်။

ခဏကြာတော့ ဖုယွင်ရော့ဟာ ရောထွေးနေတဲ့ခံစားချက်တွေကို ခံစားလိုက်ရတယ်။ သူက ခံစားချက်တွေကြောင့် အတော်လေးနစ်မြုပ်နေခဲ့စဉ်မှာ ဝမ်ဝမ်က ပြေးလာပြီး သူမ ခြေထောက်တွေကို လာဖက်ခဲ့သည်။ ကောင်လေးက သူမကို စိုးရိမ်သလို မော့ကြည့်ပြီးမေးမြန်းခဲ့တယ်။ “မေမေ ဘာဖြစ်လို့လဲ။”

ငါ့သားကပြန်လည်မွေးဖွားလာတဲ့ဗီလိန် (ဘာသာပြန်)Where stories live. Discover now