Ep-(113)

653 24 2
                                    


အပိုင်း-(၁၁၃)

အရင်ဘဝက ရန်သူများ

မူလခန္ဓာကိုယ်ပိုင်ရှင်၏မှတ်ဉာဏ်များအရ ဖုယွင်ရော့က ဖန့် ရွှယ်ရော့ရဲ့နာမည်က အရင်နာမည်က ဖန့်ရွှယ်လျန်ဖြစ်သည်ကို သိလိုက်သည်။ အမေဖန့် လက်ထပ်ပြီး ဖုမိသားစုထဲသို့ဝင်လာပြီး သူ့သမီးက အိမ်ထောင်စုစာရင်းထဲမဝင်ရောက်နိုင်ပေမယ့် နောက်ဆုံးမှာ သူမက ဖုမိသားစု၏ မျိုးရိုးနာမည်ကို ခံယူလိုခဲ့သည်။ သို့သော် မူလဖုယွင်ရော့က ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သောကြောင့် ဒီကိစ္စက အထမမြောက်သွားခဲ့ပေ။

ဖန့်ရွှယ်ရော့ကိုယ်တိုင်လည်း သူမမျိုးရိုးနာမည်ကို ပြောင်းလဲရန်ဆန္ဒမရှိကြောင်း ထုတ်ပြောခဲ့ပြီး နောက်ဆုံးမှာတော့ သူမနာမည်ကို အပေးအယူအနေနှင့် ဖုယွင်ရော့နှင့်ဆင်တူသော နာမည်ကိုပြောင်းလဲခဲ့သည်။ ထို့ကြောင့် အခြားသူများက သူတို့ဟာ ညီမတွေမှန်း သိရှိနိုင်လေသည်။

ဖုယွင်ရော့သည် ဒီမှတ်ဉာဏ်များကိုသိရသောအခါ သူမက မနှစ်မြို့သလိုခံစားခဲ့ရတယ်။ အပြင်ပိုင်းမှာတော့ ဖန့် ရွှယ်ရော့က သဘောကောင်းပြီး နားလည်မှုရှိသလိုပြုမူခဲ့သည်။ ဖုယွင်ရော့က အမေဖန့်ကို 'အမေ'လို့ခေါ်ဖို့ ငြင်းဆန်ခဲ့ချိန်တွင် ဖန့် ရွှယ်ရော့ကလည်း အဖေဖုကို 'အဖေ'လို့ မခေါ်ခဲ့ဘူး။ နာမည်ပြောင်းလိုက်ရတဲ့ကိစ္စကိုတောင် သူမက ဝမ်းနည်းတဲ့အမူရာနှင့် လက်ခံခဲ့ပြီး အကြီးများ၏တောင်းဆိုချက်ကြောင့် လုံးဝအကူညီမဲ့နေဟန်လုပ်ခဲ့သည်။

မူလကိုယ်ပိုင်ရှင်ရဲ့ ဒေါသက ပိုပိုဆိုးလာတာက အံ့အောစရာတော့မဟုတ်ပါဘူး။ အဆုံးမှာတော့ တုံးနေတဲ့ဓါးက ရေရှည်မှာ ငြီးငွေ့ဖွယ်အကောင်းဆုံးပဲ။

(ဒီနေရာမှာပြောတာကလေ မူလကိုယ်က တုံးတော့ ဟိုသားအမိလှည့်သမျှခံရတာကို ပြောချင်တာလို့ ထင်ပါတယ်)

ဖန့်ရွှယ်လျန်...

သူမ တမင်မေ့ထားတဲ့နာမည်ကိုကြားလိုက်ရတော့ ဖန့် ရွှယ်ရော့ရဲ့မျက်နှာကပြောင်းလဲသွားတယ်။ ဖုယွင်ရော့ရဲ့ လျစ်လျူရှုပြီး စိမ်းကားနေသောမျက်နှာကို သူမ ကြည့်လိုက်သည်။ သူမလက်ဖဝါးကို လက်ချောင်းများဖြင့် ဖိနှိပ်ထားရင်းက ခါးသီးစွာပြောလိုက်သည်။

ငါ့သားကပြန်လည်မွေးဖွားလာတဲ့ဗီလိန် (ဘာသာပြန်)Where stories live. Discover now