အပိုင်း-(၄၈)

4.9K 701 19
                                    

ငါ့သားက ပြန်လည်မွေးဖွားလာတဲ့ ဗီလိန်
အပိုင်း-(၄၈)

ဝမ်ဝမ်သည် ကြို့ထိုးလာ၏။နောက်ဆုံးတွင်တော့ သူသည် သူ့၏ ကလေးသဘာဝကို မလွန်ဆန်နိုင်ပေရာ မကြာမီမှာပင် ဖျော်ဖြေမှုများ၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရပေ၏။သူသည် မျက်လုံးမခွာနိုင်ဖြစ်ကာ ငိုရန်ပင် မေ့နေခဲ့တော့၏။

ထိုသည်ကိုကြည့်ကာ ဝမ်ဝမ်ကို ချီထားဆဲဖြစ်သော ဖုယွင်ရော့လည်း စိတ်သက်သာရာရသွားတော့၏။ထို့နောက် သူမသည် ကလေးအားဖျော်ဖြေရန် လူကြီးသုံးယောက်နှင့် ပူပေါင်းလိုက်တော့၏။
"ပေါင်ပေါင် အဲ့တာကို သဘောကျလာ?။ဖိုးဖိုးနဲ့ ဘွားဘွားက ပေါင်ပေါင်အတွက်လုပ်ပေးထားတာ။သူတို့က အရမ်းကြင်နာတတ်တယ်မလား?။ပေါင်ပေါင်က မြင်းရုပ်လေးကို ကြိုက်လား ခွေးရုပ်လေးကို ကြိုက်လား?"

ထိုအသံကိုကြားသည်နှင့် ဝမ်ဝမ်သည် သူ၏ ခေါင်းကိုလှည့်ကာ ဖုယွင်ရော့၏ မျက်နှာကို ရုတ်တရက် ကြောင်ငေးနေတော့၏။သူသည် သူမကို အချိန်အတော်ကြာ ငေးကြည့်နေပြီးနောက် သူ့၏ မျက်လုံးထဲတွင် ရေငွေ့များတစ်ဖန်ပြန်လည် ပြည့်လျှံလာတော့သည်။

ဖုယွင်ရော့သည် ကြောင်အစွာ မျက်တောင်ခတ်လိုက်၏။သူက ဘာလို့ ထပ်ငိုနေပြန်တာလဲ?

"ဝူးဟူး................"

နောက်ထပ်ငိုသံတစ်ခုထွက်လာပြန်၏။သို့သော် ဝမ်ဝမ့်ဆီမှ မဟုတ်ပဲ ဖုယွင်ရော့ဆီမှ ဖြစ်သည်။

ဝမ်ဝမ်သည် ကြို့ထိုးကာ အံ့အားသင့်စွာ အငိုရပ်လိုက်သည်။မျက်ရည်များသည် သူ့၏ မျက်ဝန်းထောင့်တွင် ရှိနေဆဲဖြစ်ကာ သူသည် ဝမ်းနည်းစွာ အော်ငိုနေသော ဖုယွင်ရော့အား ကြည့်လိုက်၏။

"ဝူး....ပေါင်ပေါင်၊ သားသားက မေမေ့ကို မချစ်တော့ဘူးလား?။ဘာလို့ မေမေ့ကို မြင်တာနဲ့ ငိုရတာတာလဲ?......မေမေအရမ်း ဝမ်းနည်းတာပဲ။မေမေ့အသည်းတွေ ကွဲပါပြီ။"

"ပေါင်ပေါင်က မေ့မေ့ကို မချစ်တော့ဘူးလား?။ဝူးဟူး.......။"

"ဝူး... ပေါင်ပေါင်က မေ့မေ့ကို မချစ်တော့ဘူး။"

ဖုယွင်ရော့သည် အသည်းကွဲနေ၏။ဝမ်ဝမ်က သူမ သူ့ကို ဂရုမစိုက်လို့ဖျားသွားတယ်ဆိုတာ သိနေတာလား?။ဒါကြောင့်များ သူမကို မြင်တာနဲ့ ငိုပြီး ဆန္ဒပြနေတာလား?။

ငါ့သားကပြန်လည်မွေးဖွားလာတဲ့ဗီလိန် (ဘာသာပြန်)Where stories live. Discover now