( Zawgyi )
သူမနာမည် " သစ်ခက်ညို "
သူမတွင် " မောင် " ဟုခေါ်သည့် ချစ်ရသူတစ်ယောက်ရှိ၏
သူ့နာမည်က " စစ်ဇေယျာ "သစ်ခက်ညို၏ မိဘများမှာ လူကုန်ကြွယ်များဖြစ်၍ မဆိုစလောက်လေး မာနကြီးသည်
သစ်ခက်ညိုမှာ တစ်ဦးတည်းသော သမီး
ယခုသူမသည် ဝါသနာအရ ဆေးခန်းလေးတစ်ခုဖွင့်ထား၏
သို့သော် တိရစ္ဆာန်ဆရာဝန်သာ
ထို့ကြောင့် နူးညံသလို ဖော်ရွေသည် လူချစ်လူခင်လည်း ပေါများ၏
ချစ်ရသူအပေါ်၌လည်း
အရာရာသည်းခံခွင့်လွှတ်နားလည်ပေးနိုင်သူသူမ၏ မိဘများမှာ နိုင်ငံခြားတွင်နေ၍ သစ်ခက်ညို ၈တန်းလောက်ကတည်းကပင် အဒေါ်ဖြစ်သူနှင့်ထားခဲ့သည်
ထို့ကြောင့် မိဘနှစ်ပါးထက် အဒေါ်နှင့်သာ ပိုရင်းနှီး၍ အဒေါ်သာ သူမ၏ မိဘလို ဖြစ်နေသည်
သို့သော် လွတ်လပ်၏ ချုပ်ချယ်မှုမရှိ လွတ်လွတ်လပ်လပ် နေနိုင်သည် စစ်ဇေယျာမှတစ်ပါးစစ်ဇေယျာတွင်ကား မိဘများမရှိတော့ချေ
သူ့အား မွေးမွေးပြီးချင်း အမေဖြစ်သူသည် လူ့လောကထဲမှ အရင်ဦးဆုံးထွက်ခွာသွားပြီးနောက် သူ့အသက် ၁၄နှစ်တွင် အဖေဖြစ်သူက နှလုံးရောဂါဖြင့် တစ်ဖန် ကွယ်လွန်သွားပြန်သည်
ကျန်ခဲ့သူ အဖွားနှင့်သာ သူ့ဘဝကို ရှေ့ဆက်ခဲ့ရသည်ထို့ကြောင့် ဆိုးလွန်းသည်လည်း မဟုတ်ပါပဲ မျက်နှာတည်၍ အကျောမာသလို မခံချင်စိတ်လည်းပဲ ရှိ၏
သို့သော် တစ်ယောက်သောသူအပေါ် စွဲစွဲလန်းလန်းချစ်မိသည် ရူးမိုက်စွာချစ်မိသည်
စစ်ဇေယျာသည် သူ၏အချစ်များအား နူးညံ့စွာမဖော်ပြတတ်သူပီပီ အတ္တများဖြင့်သာ ဖုံးလွှမ်းသည်
သူ၏အချစ်သည် ကြမ်းတမ်းသော်ငြား ပြိုင်ဘက်ကင်းပါ၏သူသည် ယခုတွင် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်နေသော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်
ငယ်စဉ်အခါတုန်းက ဝါသနာပါလွန်းသည်ကြောင့်မဟုတ်ပါ
ချစ်ရသူ၏မိဘများ ကြည်ဖြူဖို့ရာ ချစ်ရသူကို ပိုင်ဆိုင်နိုင်ဖို့ရာသာဖြစ်သည်
အောင်မြင်နေသော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ရန် ရည်ရွယ်ချက် ကြီးကြီးမားမားမရှိခဲ့ချေ
အကြောင်းပြချက်သည်ကား ချစ်ရသူကြောင့်သာဖြစ်၏
ထိုလောက်ထိကို သူချစ်တတ်ပါသည်
မဖော်ပြတတ်ခဲ့ရုံသာ
YOU ARE READING
အတ္တများနဲ့ မောင် ( အတ္တများနဲ့ မောင် )
Non-Fiction( Zawgyi ) ကျွန်မရဲ့ခံစားချက်တွေအားလုံးက မောင့်ရဲ့ " ချစ်လွန်းလို့ပါ " ဆိုတဲ့ စကားလုံးအောက်မှာပဲ အကြိမ်ကြိမ်ပျောက်ဆုံးခဲ့ရတာ မောင့်ရဲ့အတ္တတွေက ကျွန်မရဲ့ သည်းခံမှုကို ကျော်လွန်ကာ အနိုင်ယူခဲ့လေတော့လည်း လက်လွှတ်ပစ်လိုက်ဖို့ အကြောင်းဖန်လာခဲ့ပြီ မောင်ရယ်...