( Zawgyi )
" လွှတ် ဒါကတော့ဘယ်ရောက်နေပြန်ပြီလဲ
ညိုစောင့်နေမှာလို့ လုပ်ပါဗျာ လွှတ်ပေးပါနော် ခင်ဗျားတို့က ဘယ်သူတွေလဲ ကျွန်တော့်မှာ ညိုပဲရှိတာ ညိုတစ်ယောက်တည်းရှိတာပါဗျာ "မျက်ရည်တွေရစ်ဝိုင်းကာ အရူးတစ်ယောက်လို သစ်ခက်ကိုတမ်းတနေသူက ဟိုးအရင် အတ္တတွေနဲ့ စစ်ဇေယျာမှဟုတ်သေးရဲ့လား
" ဆရာ အိပ်ဆေးထိုးပေးခဲ့မယ်နော်
လူနာက ခေါင်းကိုထိသွားတာပါ သွေးတွေကလည်း အထွက်လွန်ခဲ့တော့ စိုးရိမ်ရတယ် ပြီးတော့ စိတ်ပုံမှန်မဟုတ်ဘူးပဲပြောရမလား ကိုမာဝင်တယ်ပဲပြောရမလား အရင်လိုမဟုတ်တော့တာတော့ သေချာပါတယ် ခေါင်းထိသွားတော့ ကိုမာဝင်တယ်ဆိုတာထက် စိတ်ပုံမှန်မဟုတ်တော့ဘူးပဲပြောရမှာပေါ့ လူနာက တစ်ခုခုကို အစွဲလမ်းကြီးနေတာပဲ "စစ်ဇေယျာရယ်
" ပြန်ကုလို့တော့ ရတယ်မလားဆရာ "
" အင်း အချိန်တော့ ယူရမှာပေါ့
လူနာ စိတ်စွဲနေတာ တော်တော်ဆိုးတယ်နော် တစ်ချိန်လုံး ဒီဟာကိုပဲ ပြောနေတာ
ဒါမျိုးဆိုရင်လေ လူနာကို ပျော်အောင်ထားပေးပါ
ခုလို စိတ်ပုံမှန်မဟုတ်တော့တဲ့သူတွေဆီမှာ အေးချမ်းနိုင်မဲ့အကြောင်းအရာတစ်ခုတော့ရှိတယ် ဒါက သူတို့ကိုယ်တိုင်ပဲ သိမှာပေါ့ စိတ်တွေခြောက်ခြားနေတဲ့အချိန် အကြောင်းအရာလေးတစ်ခုကြောင့် တည်ငြိမ်သွားတာမျိုးတို့ ပုံမှန်လူလိုဖြစ်သွားတာမျိုးတို့ပေါ့ အဲ့လိုဆို ပိုကောင်းနိုင်ခြေပိုများသလို လူနာလည်း စိတ်ချမ်းသာရတယ် ကဲ အခုတော့ ဆရာတို့ ဆေးစစ်ချက်တွေ သေချာစီစစ်လိုက်အုံးမယ်နော် "" ဟုတ်ကဲ့ ကျေးဇူးပါ ဆရာ "
ငါ ဘယ်လိုလုပ်ရမှာလဲ စစ်ဇေယျာရယ်
သစ်ခက်ဆီပို့ပေးလို့လည်း ငါ့မှာမဝံ့ရဲ
သူကိုယ်တိုင်ကိုက အေးချမ်းရာရှာဖွေနေရသူမို့ မင်းကိုမြင်ပြီး ဝမ်းနည်းသွားမှာ စိုးရိမ်ရတယ်ကွာ သူ့ရောဂါအခြေအနေ ဒီထက်ပိုဆိုးသွားလို့မဖြစ်ဘူးလေ
တကယ်ကို ဆုံးဖြတ်ရခက်လိုက်တာမင်းဘက်ကိုကြည့်မယ်ဆိုရင် သစ်ခက်ဆီသွားတဲ့အခါ ပျော်ရွှင်ရမယ်ဆိုပေမဲ့
သစ်ခက်အနေနဲ့တော့ မင်းရဲ့ဒီလိုပုံစံကိုမြင်ပြီး စိတ်ထိခိုက်မှာကျိန်းသေးတယ် သူ့ကိုယ်သူလည်း အပြစ်တင်လို့ဆုံးမှာမဟုတ်ဘူး ကြားထဲကနေ မင်းတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုကို ငါပဲ ဆုံးဖြတ်ပေးပါရစေ
YOU ARE READING
အတ္တများနဲ့ မောင် ( အတ္တများနဲ့ မောင် )
Non-Fiction( Zawgyi ) ကျွန်မရဲ့ခံစားချက်တွေအားလုံးက မောင့်ရဲ့ " ချစ်လွန်းလို့ပါ " ဆိုတဲ့ စကားလုံးအောက်မှာပဲ အကြိမ်ကြိမ်ပျောက်ဆုံးခဲ့ရတာ မောင့်ရဲ့အတ္တတွေက ကျွန်မရဲ့ သည်းခံမှုကို ကျော်လွန်ကာ အနိုင်ယူခဲ့လေတော့လည်း လက်လွှတ်ပစ်လိုက်ဖို့ အကြောင်းဖန်လာခဲ့ပြီ မောင်ရယ်...