( Zawgyi )
" boss အရှေ့မှာ boss ချစ်သူ ရောက်နေတယ် "
" ဝင်ခိုင်းလိုက်လေ "
ဒီနေ့မှ ထူးထူးဆန်းဆန်း ညိုရောက်နေတယ်ဆိုပါလား
" မောင် "
" ညို လာလေ "
ညို့လက်ထဲက ဆွဲလာတဲ့ထမင်းချိုင့်ကို ကြည့်ရပုံထောက်ရင်တော့
" မောင် ထမင်းစားပြီးပြီလား "
" မစားရသေးဘူး ညို "
" ဒါဆို အတော်ပဲ
ဒီနေ့ အိမ်ကဒေါ်ကြီးက အုန်းနို့ခေါက်ဆွဲချက်ကျွေးတာ အဲ့ဒါ မောင်လည်းကြိုက်တယ်ဆိုလို့်လေ တူတူစားရအောင် "အချစ်ပိုရပါတယ် ညိုရယ်
ဘယ်တုန်းကမှ ကျွန်တော့်အတွက် မမေ့ဖူးဘူး
တိုက်ဆိုင်မှုရှိလာတိုင်း ကျွန်တော့်ကို သတိတရရှိပေးတာ
ညိုကိုယ်တိုင်က မောင့်ကို ပိုချစ်မိလာအောင် လုပ်နေတာမို့ မောင့်ရဲ့အချစ်ကို အပြစ်မမြင်ပါနဲ့လား ညို" အာ မွှေးနေတာပဲ ညိုရာ "
"ဟုတ်ပါတယ်ဆို ဒေါ်ကြီးလက်ရာ လျှာလည်သွားမယ်နော် မောင်
" ဟားဟား ဟုတ်ပါပြီ ဒါနဲ့ ညို့ဆေးခန်းကရော "
" ဖွင့်တယ် မောင် ဟိုအမနဲ့ထားခဲ့တာ မောင်ကို ကျွေးချင်လို့လေ "
" ချစ်လိုက်ရတာကွာ ညိုနဲ့လက်ထပ်ပြီးရင် ညို့လက်ရာစားမယ် "
တကယ်ပါ ကျွန်တော် ညို့ကို ပိုင်ဆိုင်ရဖို့ ဒီလောက်ထိ ကြိုးစားခဲ့ပြီးပြီ
ညို့မိဘတွေ ကြည်ဖြူဖို့ရာအတွက်ပေါ့ ကျွန်တော့်ဂုဏ်ပုဒ်အရဆိုရင် ညို့မိဘတွေလက်ခံပေးဖို့ သေချာနေပြီမဟုတ်လား
ဒါပေမဲ့ ကြိုးစားဆဲပါပဲ ညိုနဲ့လက်ထပ်ရဖို့ သိပ်မလိုတော့ပါဘူး နှစ်တွေလည်း ကြာခဲ့ပြီမဟုတ်လား" ချက်ကျွေးမှာပေါ့ သိပ်မလိုတော့ပါဘူး မောင်ရယ်
ညိုတို့အတူတူကြိုးစားကြမယ်နော် "" အင်း ညို လာ စားကြမယ် "
ချစ်တိုင်းလည်း မညားပါဘူးဆိုသည့် စကားသည်
လက်တွေ့တွင် တကယ်ဖြစ်မလာပါပဲ
စကားပုံအဖြစ်နဲ့သာ ထာဝရ ရှိနေခဲ့ရင် ကောင်းမည်
---------------
YOU ARE READING
အတ္တများနဲ့ မောင် ( အတ္တများနဲ့ မောင် )
Non-Fiction( Zawgyi ) ကျွန်မရဲ့ခံစားချက်တွေအားလုံးက မောင့်ရဲ့ " ချစ်လွန်းလို့ပါ " ဆိုတဲ့ စကားလုံးအောက်မှာပဲ အကြိမ်ကြိမ်ပျောက်ဆုံးခဲ့ရတာ မောင့်ရဲ့အတ္တတွေက ကျွန်မရဲ့ သည်းခံမှုကို ကျော်လွန်ကာ အနိုင်ယူခဲ့လေတော့လည်း လက်လွှတ်ပစ်လိုက်ဖို့ အကြောင်းဖန်လာခဲ့ပြီ မောင်ရယ်...