( Zawgyi )
တီ....တီ.....တီ
မောင့်ဖုန်း
" ဟယ်လို ညို "
" အင်း မောင်
နောက်ကျတယ်နော် "" ဟုတ်တယ်
မောင် အလုပ်ရှုပ်နေလို့ "မအားတဲ့သူက မိန်းမသားတစ်ယောက်ကို အိမ်ပြန်လိုက်ပို့ချိန်တော့ ရတယ်လား မောင်
" အော် အင်း ဟုတ်ပါပြီ "
" မောင် ပြန်ရောက်ပြီဆိုတာ ပြောတာ ညို
ပင်ပန်းလာလို့ ရေချိုးပြီးတာနဲ့ အိပ်တော့မယ် "တော်တော်ပင်ပန်းခဲ့မှာပဲ
" အင်း အင်း ခေါင်းလျှော်မယ်ဆို ခြောက်အောင်သုတ်ပြီးမှ အိပ်နော် မောင် "
" ချစ်လိုက်ရတာဗျ ဟုတ်ပါပြီ ညိုရယ် ဒါပဲနော် "
ဖုန်းချသွားပြီ
ကျွန်မက ယုံချင်တယ်မောင် ယုံလို့ရတယ်မလား
ဒီညတော့ ကျွန်မအတွက်က အိပ်ပျက်ည
----------------" ညို့ "
" မောင် "
" ထူးထူးဆန်းဆန်း ညို့ဆေးခန်းထိ လိုက်လာလို့ပါလား "
" အင်း "
" ခနလေးမောင် ဒါလေး လုပ်ပေးလိုက်အုံးမယ် "
မောင်က ကျွန်မဆေးခန်းကို လိုက်လာလို့ပါလား
ကျွန်မလည်း ခွေးလေးကို စစ်ကြည့်ပြီးလို့ မောင့်ဆီသွားကာ" မောင်က ဆေးခန်းထိဘာလာလုပ်တာလဲ "
" လာလို့မရဘူးလား ညို "
မောင်က စဖောက်လာပြီ ဘာလို့လဲ ပြသနာမဖြစ်ချင်ဘူး မောင်ရယ်
" ရပါတယ် မောင်ရဲ့ ဒီတိုင်းပဲ မေးကြည့်တာပါ "
" ညိုက တိရိစ္ဆာန်ဆရာဝန်မလား "
" မောင် သိရဲ့သားနဲ့ "
" အင်း ဒါဆိုရင် တိရိစ္ဆာန်လေးတွေကိုပဲ ကုသပေးဖို့လိုတာမလား "
" ဘာဖြစ်လို့လဲ မောင် "
" ညိုက ဘာလို့ ပိုင်ရှင်တွေနဲ့ ရင်းရင်းနှီးနှီးနေနေရတာလဲ ခုနကဆိုလည်း ခွေးကို ကုပြီးရင် ရပြီလေ ဘာဖြစ်လို့ ဟိုယောက်ျားနဲ့ ရယ်ရယ်မောမောဖြစ်နေတာလဲ "
YOU ARE READING
အတ္တများနဲ့ မောင် ( အတ္တများနဲ့ မောင် )
Non-Fiction( Zawgyi ) ကျွန်မရဲ့ခံစားချက်တွေအားလုံးက မောင့်ရဲ့ " ချစ်လွန်းလို့ပါ " ဆိုတဲ့ စကားလုံးအောက်မှာပဲ အကြိမ်ကြိမ်ပျောက်ဆုံးခဲ့ရတာ မောင့်ရဲ့အတ္တတွေက ကျွန်မရဲ့ သည်းခံမှုကို ကျော်လွန်ကာ အနိုင်ယူခဲ့လေတော့လည်း လက်လွှတ်ပစ်လိုက်ဖို့ အကြောင်းဖန်လာခဲ့ပြီ မောင်ရယ်...