( ၁၀ )

300 11 1
                                    

( Zawgyi )

ကျွန်တော် ညို့ကို ဘယ်နေရာရှာရှာ မတွေ့ဘူး
ရူးတော့မှာပဲ ညိုရာ မောင်ရူးတော့မယ်
ဘယ်တွေဆီရောက်နေတာလဲ အရင်ကမောင်မဟုတ်တော့တာမို့ စိတ်ချလက်ချပြန်လာလို့ ရပါပြီ ညိုရယ်

" ဒါ ဘာကြီးလဲ "

ကျွန်တော် ထိုင်နေတုန်း စားပွဲပေါ်က လွင့်လာတဲ့ ရောင်စုံပန်းချီစာရွက်ပါးပါးလေး
ဒါ ညိုဆွဲထားတာပဲ အရင်က ညိုဆွဲထားခဲ့တာ
အရင်က ကျွန်တော် ညို့ဆေးခန်းမှာ ပုံတူတွေအများကြီး တွေ့လို့် ညိုမသိအောင် တစ်ပုံ ကောက်ယူခဲ့မိတယ်
အဲ့တုန်းက စာရွက်သားက ပါးတာကြောင့် လေထဲလွင့်ပါသွားတာမို့ ဘာမှန်းမသိခဲ့ဘူး

အခု ကျွန်တော့်အခန်းထဲမှာ ရှိသေးတာပဲ
နောက်ကျောမှာရေးထားတာက " မောင်နဲ့ ငါ့ရဲ့ အနာဂတ်အိမ်လေး " တဲ့
ညိုက သိပ်နူးညံ့တာ ကြည့်ပါအုံး ကျွန်တော်တို့ နှစ်ယောက်အတွက်တဲ့
ကျွန်တော် ပုံလေးကို ကြည့်နေရင်း အရည်ကြည်တွေ ပါးပြင်ပေါ် စီးကျလာခဲ့တယ်
လွမ်းလိုက်တာ ညိုရယ်

အဲ့အချိန်မှာ ဖျက်ခနဲ ကျွန်တော့်မှတ်ဥာဏ်ထဲ ပေါ်သွားတဲ့ ပုံရိပ်လေးတစ်ခု
အရင်တစ်ခါ အလုပ်ကိစ္စကြောင့် မြို့ပြင်ဘက်ကို သွားတုန်းက ညိုဆွဲထားတဲ့အိမ်လေးနဲ့ပုံတူကို တွေ့ခဲ့သေးတယ်
အိမ်လေးက ပုပုလေး ခြံဝင်းနဲ့က အဝေးကြီး
ဘေးမှာလည်း တောအုပ်ရှိတယ်ထင်ပါရဲ့ အုံ့မှိုင်းလို့

မဟုတ်မှလွဲရော ကျွန်တော် ထင်တာ ဖြစ်နိုင်လား
ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သွားကြည့်တော့ ပိုသေချာတာပေါ့ တကယ်သာ ဟုတ်နေခဲ့ရင် ညိုနဲ့ကျွန်တော် တစ်သက်လုံး ပေါင်းဖက်ရမှာလေ ညသန်းခေါင်ရောက်နေပြီဆိုပေမဲ့ မစောင့်နိုင်တော့တာမို့ ကျွန်တော်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်

" သား ဘယ်လဲ "

" အဖွားအိပ်တော့လေ မိုးချုပ်နေပြီ ကျွန်တော် သွားစရာလေးရှိလို့ ပြန်လာခဲ့မယ် ဂရုစိုက်နော် "

" ဦးလေး အဖွားကို ဂရုစိုက်လိုက်ပါအုံး
မကြာဘူး ကျွန်တော် ပြန်လာခဲ့မယ် "

ဟုတ်ပါစေ ညိုရယ်
အဲ့ဒီအိမ်လေးမှာ ညိုရှိနေပါစေကွယ်
ညို့ကို ထပ်ပြီးလက်မလွှတ်တော့မှာမို့ မနာကျင်စေတော့မှာမို့ မောင့်ဆီကို ပြန်လာပေးပါ
ဟင့်အင်း ညိုသာ စောင့်နေ မောင် လာခဲ့မယ်

အတ္တများနဲ့ မောင် ( အတ္တများနဲ့ မောင် )Where stories live. Discover now