( ၁ )

599 24 3
                                    

( Zawgyi )

ကျွန်မဖုန်းခေါ်တော့ စက္ကန့်တောင်မကြာလိုက် ချက်ချင်းကိုင်လာသည့် မောင်

" ဟယ်လို ညို "

" အင်း မောင် "

" ခုနက မောင်ဖုန်းခေါ်ထားသေးတယ်
missed call တွေ တွေ့ရဲ့လား "

" တွေ့တယ်လေ မောင်
ဒါ့ကြောင့် ပြန်ခေါ်တာ "

" ဘာလို့မကိုင်တာလဲ "

" ရေချိုးနေလို့ မောင်ရဲ့
ဆေးခန်းက ပြန်လာတာကို "

" ဟုတ်လို့လား "

မောင်မေးတဲ့ မေးခွန်းက မယုံလို့ပဲဖြစ်ပါစေ
ကျွန်မ ကျေနပ်ပါရဲ့ မောင်က သိပ်ဂရုစိုက်တတ်လွန်းတာမဟုတ်လားလေ

" ဟုတ်တာပေါ့ မောင်ကလည်း "

" မောင် လိုင်းတက်လာမယ်
ညို့ဖုန်း call တွေ screenshot ရိုက်ပို့ပေး ဘာမှမဖျက်နဲ့နော် အခုချက်ချင်း "

" တီ..တီ "

" ဟယ်လို မောင်....ဟယ်လို "

ပြောချင်ရာပြောပြီး ဖုန်းချသွားတဲ့ မောင်
screenshot ရိုက်ပို့ပေးတဲ့ ဒါက ပုံမှန်လိုပါပဲ
ကျွန်မရဲ့ နေ့စဉ်အလုပ်ပဲလေ မောင်က ဒိုင်ယာရီစာအုပ်လို့ပဲ ပြောရမလား ကျွန်မရဲ့ နေ့စဉ်မှတ်တမ်းအားလုံးကို ပြန်ပြောပြရတဲ့ ဒိုင်ယာရီလူသားပေါ့
_______________

ဒီနေ့ မောင်နဲ့ကျွန်မ တွေ့ဖို့ချိန်းထားခဲ့တာ
စနေနေ့မို့ ဆေးခန်းပိတ်သလို
မောင်လည်း ရုံးပိတ်ရက်
ပိတ်ရက်တိုင်း အခုလို တွေ့ဖြစ်ကြတယ် ဒီဆိုင်လေးမှာပဲ

" ဟေး နင် သစ်ခက်ညိုမလား "

ကျွန်မ ဆိုင်ထဲဝင်မယ်အလုပ် ယောက်ျားလေးတစ်ယောက်ခေါ်တာနဲ့ လှည့်ကြည့်မိတော့

သူရပိုင်......
တစ်နည်းအားဖြင့်ပြောရရင် အထက်တန်းတုန်းက ကျွန်မကို လိုက်ခဲ့တဲ့သူ မောင့်ရဲ့ ရန်ဘက်ပေါ့

" အော် သူရ "

" နင် ပြောင်းလဲသွားတာပဲ
အရင်ကထက်လည်း ပိုလှလာတယ် "

" ကျေးဇူးပါဟာ နင်က ဘာလာလုပ်တာလဲ "

ကျွန်မသိတာပေါ့
ဆိုင်ရဲ့ထောင့်နေရာမှာ မျက်ထောင့်နီကြီးနဲ့ ကျွန်မတို့ကို ကြည့်နေမဲ့ မောင်
မှန်တွေက အကြည်တွေမို့ ရှင်းရှင်းလင်းလင်းမြင်နေရလိမ့်မယ်

အတ္တများနဲ့ မောင် ( အတ္တများနဲ့ မောင် )Where stories live. Discover now