( Zawgyi )
နေ့လည်ထမင်းစားကျောင်းဆင်းချိန်တွင်ဖြစ်သည်
" ဟဲ့ "
" ပြော "
" ငါတို့ ပြတ်ကြမယ် "
" ပြတ်ကြမယ် ? "
" အေး "
" ဘာလို့လဲ "
" နင်လုပ်လို့ ငါ့ကို ကျောင်းက သူတွေက ကွက်ကြည့်ကွက်ကြည့်ဖြစ်နေကြပြီ "
" ငါက ဘာလုပ်နေလို့လဲ "
" ဟာ နင် သူရပိုင်ကို လက်သီးနဲ့သွားထိုးလို့ ရုံးခန်းသွားရတယ်လေ "
" အဲ့ဒါ ဘာဖြစ်လဲ ထိုးမှာပေါ့
သူက နင့်ကို ရည်းစားစာလာပေးတာကိုး
နင်က ငါ့ရည်စားပဲလေ "ငါ သူ့ကြောင့်ပဲ ကျောင်းမှာနာမည်ကြီးနေပြီ
ဆရာ ဆရာမတွေပါ သိကုန်တော့
ငါ ဘယ်လိုမျက်နှာပြရမလဲ
ဒီကောင် တော်တော်ဆိုးတာ
ရည်းစားဖြစ်တာမှ ၂ပတ်တောင် မပြည့်သေးတာကို" တော်ပြီဟာ နင်နဲ့ငါ ပြတ်ပြီ "
" ဘာလဲ စိတ်ဆိုးတာလား "
" မဟုတ်ပါဘူး တကယ်ပြတ်မှာ ကြားလား "
" အင်း ဒါဆိုလည်း ပြတ်ကြတာပေါ့ "
ရင်ထဲမှာတော့ ဟာတာတာနဲ့
ဒါပေမဲ့ ကောင်းပါတယ် ဒီလိုလူဆိုးကောင်နဲ့ ပြတ်တော့လည်း အေးတာပဲ" ၂ရက် "
" ဘာရယ် "
" ၂ရက်လို့ ငါနင့်ကို ၂ရက်ပြတ်ခွင့်ပေးမယ်
မနက်ဖြန်နဲ့ သန်ဘက်ခါ ကျောင်းပိတ်ရက်လေ
အဲ့၂ရက်အတွင်း နင့်စိတ်ကြိုက်ပြတ်ထား
တနင်္လာနေ့ ကျောင်းပြန်ဖွင့်ရင် ပြန်ဆက်ကြမယ်
ငါတို့ ရည်းစားတွေ ပြန်ဖြစ်ကြမယ် အိုကေလား
၂ရက် သစ်ခက်ညိုရေ ၂ရက် "သူပြောချင်ရာပြောပြီး ပြေးထွက်သွားတဲ့ စစ်ဇေယျာ
လူဆိုးကောင် အမြဲတမ်းလည်း ကျောင်းပတ်ရက်ဆို တွေ့ရတာကျလို့
လူလည်ကျသွားတာ အရူးကြီးသစ်ခက်ညိုရေ
နင့်စိတ်ကြိုက် ပြတ်ထားစမ်းပါ
နင်က ငါ့အပိုင်အဖြစ် အခုမှမဟုတ်ဘူး နောင်နှစ်ပေါင်းများစွာတိုင် ရှိသွားမှာဟ
ငါ့အချစ်က ထာဝရထိရည်ရွယ်နေတာမို့
![](https://img.wattpad.com/cover/282296761-288-k362142.jpg)
YOU ARE READING
အတ္တများနဲ့ မောင် ( အတ္တများနဲ့ မောင် )
Non-Fiction( Zawgyi ) ကျွန်မရဲ့ခံစားချက်တွေအားလုံးက မောင့်ရဲ့ " ချစ်လွန်းလို့ပါ " ဆိုတဲ့ စကားလုံးအောက်မှာပဲ အကြိမ်ကြိမ်ပျောက်ဆုံးခဲ့ရတာ မောင့်ရဲ့အတ္တတွေက ကျွန်မရဲ့ သည်းခံမှုကို ကျော်လွန်ကာ အနိုင်ယူခဲ့လေတော့လည်း လက်လွှတ်ပစ်လိုက်ဖို့ အကြောင်းဖန်လာခဲ့ပြီ မောင်ရယ်...