( ၈ )

314 15 2
                                    

( Zawgyi )

ကျွန်တော့်ရင်တွေ အစိတ်စိတ်အမွှာမွှာကို ကွဲကြေရပါတယ်
ညိုက ကျွန်တော့်ကို နာကျဉ်းသွားပြီလား
ထပ်ပြီးမပတ်သက်တော့နဲ့တဲ့ ပြတ်သားလိုက်တာ ညိုရယ် ညို ဘယ်တုန်းက အခုလိုစကားတွေ ပြောဖူးလို့လဲ မောင်တို့ လက်ထပ်ဖို့အိမ်မက်တွေကို ညိုမေ့သွားတယ်ထင်ပါရဲ့ တစ်ခါတစ်လေ ညိုနဲ့ပတ်သက်ပြီး ဒေါသမထိန်းနိုင်တဲ့ မောင့်ကိုယ်မောင်လည်း မုန်းရပါတယ်

ညို့ကို မောင်တစ်ယောက်တည်း ပိုင်ဆိုင်ချင်တာ
ဖြစ်နိုင်ရင်လေ ဘယ်သူမှမရှိတဲ့ မောင်ရဲ့ကမ္ဘာလေးထဲ ညို့ကို ခေါ်ထားချင်တာ
မောင်လေ ညို့ကိုသိပ်ချစ်ပါတယ်ကွယ် မောင့်ချစ်ခြင်းတွေက ညို့အတွက် အတ္တတွေဖြစ်သွားပြီထင်ပါရဲ့
ဘယ်တုန်းကမှ ညို့ကိုနာကျင်စေဖို့ မရည်ရွယ်ခဲ့ပါဘူး ညိုရယ်
_______________

တကယ်တော့ မောင်
မောင် ကိုယ်တိုင်အရာအားလုံးဖျက်ဆီးခဲ့တာပါ
ပေးခဲ့တဲ့ကတိတွေက ခနတာ အတွက်ပဲလား မောင်
ကျွန်မမတောင်းပါပဲနဲ့ မောင်ကိုယ်တိုင်ပေးခဲ့တဲ့ ကတိတွေပေါ့
ကတိဆိုတာ တည်နိုင်မှပေးရတယ် မောင်ရဲ့
မောင်မှ တန်ဖိုးမထားတတ်ခဲ့ပဲလေ

အမှန်တော့လေ
ကျွန်မက ကျွန်မချစ်ရသူနဲ့ အတူတူ တိမ်ဆိုင်တွေကြား လွတ်လပ်စွာပျံသန်းနိုင်တဲ့ ငှက်လေးဖြစ်ချင်တာ
မုန်တိုင်းတွေလာရင် မောင့်ရင်ခွင်မှာ ခိုလှုံမယ်
နေရောင်ခြည်ထွက်လာရင် အဆုံးမရှိပျံသန်းကြမယ်
ဒါပေမဲ့ လက်တွေ့မှာတော့ ကျွန်မက လှောင်အိမ်ထဲက ငှက်ကလေးတစ်ကောင်ပါ

ကျွန်မကို ချုပ်နှောင်ထားသူဟာ မောင်
အစာတော့ ဝဝလင်လင်ကျွေးပါရဲ့ ပျံသန်းခွင့်တော့ မပေးဘူးတဲ့ ဒါဆို ငှက်ကလေးတွေရဲ့ အတောင်ပံတွေက ဘာလုပ်ဖို့လဲ ကျွန်မလည်း လူသားတစ်ယောက်ပဲ လွတ်လပ်ချင်တာပေါ့
ချစ်လွန်းလို့ပါဆိုပြီး ချုပ်နှောင်ထားတဲ့ မောင့်အချစ်မှာ အတ္တတွေသိပ်များတယ်

နောက်ဆုံးရယ်လို့မရှိရလေအောင် အကြိမ်ကြိမ်သည်းခံခွင့်လွှတ်ပေးခဲ့တာ
ချစ်လွန်းလို့ပါ မောင်ရယ် မောင် ဘာလို့များ အခွင့်အရေးတွေကို အသုံးမချတတ်ရတာလဲ
အကြိမ်ကြိမ်ခွင့်လွှတ်ပေးခဲ့တယ်ဆိုတာ ကျွန်မနှလုံးသားက ဘာသားနဲ့မှထုဆစ်ထားလို့ မဟုတ်ပါဘူး ချစ်လွန်းလို့ပါ သိပ်ကိုချစ်လွန်းလို့ပါ
တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် နာကျင်နေပြီဖြစ်တဲ့ ဒီနှလုံးသားက မောင့်ကို လွန်ဆန်ချင်ပြီထင်ပါရဲ့

အတ္တများနဲ့ မောင် ( အတ္တများနဲ့ မောင် )Where stories live. Discover now