( ၃ )

312 16 2
                                    

( Zawgyi )

" မောင့်! "

မောင် ကျွန်မကို ဘာလို့ ဒီလိုလာစွပ်စွဲနေတာလဲ
မောင်ဆိုတာက ဘယ်တော့မှအကြောင်းအရင်းကို သေချာမသိပဲ ထင်ရာမြင်ရာ ရှောက်ပြောတာ
တစ်ဖက်လူကိုလည်း မငဲ့သလို ကျွန်မအတွက်လည်း မငဲ့တဲ့သူ

" အကို သစ်ခက်တောင်းပန်ပါတယ်နော်
အကို ပြန်လိုက်ပါလား နောက်မှတွေ့ကြတာပေါ့ ဒီနေ့အတွက် ကျေးဇူးပါနော် အကို "

" ရပါတယ် သစ်ခက်ရယ်
ဒါဆို အကိုပြန်တော့မယ် အေးအေးဆေးဆေး ဖြေရှင်းကြပါ "

" ခင်ဗျားနဲ့ မဆိုင်ဘူး သွားဗျာ ညို့အိမ်ကနေ ထွက်သွား "

မောင်ရယ် ဘယ်လိုတွေတောင်ပြောနေတာလဲ
အကို့ကိုလည်း အားနာလိုက်တာဆိုတာလေ

" ဟက် နောက်ထပ်တွေ့ကြအုံးမယ်ဆိုပဲ
ခု တွေ့ထားတာ အားမရသေးဘူးလား ညို "

" ဒီမှာ မောင်
မောင် ဘာလို့ အခုလိုလုပ်ရတာလဲ "

" မေးတတ်လိုက်တာ
စောင့်နေတဲ့ငါ့ဆီကျ ရောက်မလာပါပဲနဲ့ ဒီကောင်နဲ့​တော့ သာယာနေတယ်မဟုတ်ဘူးလား "

မောင်က တစ်ခါတစ်လေ သူဘာပြောလိုက်လဲ သိရဲ့လားတောင် မသိဘူး မောင်ပြောလိုက်တဲ့စကားလုံးတွေက ဘယ်လိုအဓိပ္ပါယ်သက်ရောက်သွားလဲဆိုတာ မစဉ်းစားမိဘူး ထင်ပါရဲ့

" ညိုပြောပြမယ် မောင်
ညို မောင့်ဆီလာဖို့လုပ်တော့ သူ ရောက်လာတယ်
မွေးနေ့ကိတ်နဲ့ ဟက်ပီးဘတ်ဒေးပါ ဆိုပြီး လာလုပ်ပေးတာ အဲ့တော့ မကောင်းဘူးလေ မောင်ရယ် အိမ်ထိမွေးနေ့လာလုပ်ပေးတဲ့ သူကို မအားဘူးပြောပြီး ထားခဲ့လို့မှ မကောင်းတာ "

အမြဲတမ်း ကျွန်မက ပြေလည်ဖို့ရာအတွက် ရှင်းပြနေကျပါ မလိုအပ်ဘူးဆိုရင်တောင် မောင်အထင်လွဲမှာစိုးလို့ ရှင်းပြနေကျ
ဒါပေမဲ့ ကျွန်မရှင်းပြချက်တွေက မောင့်ရဲ့သံသယစွပ်စွဲချက်တွေအောက်မှာ နစ်မြှုပ်သွားတတ်တယ်

" ဒါဆို ငါ့ကို ပစ်ထားဖို့ကျကောင်းတယ်ပေါ့ ဘာလဲ ညို အိမ်တိုင်ရာရောက် ဝန်ဆောင်မှုမပေးလို့လား ငါမှမသိတာ ညိုရယ် ငါက suprise လုပ်ပေးဖို့ စောင့်နေတာပါ
အခု ငါက ပြန်တောင် suprise ဖြစ်သွားပြီ အိမ်ထိကိုယ်တိုင်လာတဲ့သူကိုမှ ပိုပြီးအရေးပေးမှန်းသိရင် အစကတည်းက ငါလည်း အိမ်ထိလာပါတယ် "

အတ္တများနဲ့ မောင် ( အတ္တများနဲ့ မောင် )Where stories live. Discover now