( Zawgyi )
ညိုက ကျွန်တော့်အပေါ် ယုံကြည်မှုမရှိဘူးပဲ
ကျွန်တော် ဝမ်းလည်းနည်းသလို စိတ်လည်းတိုမိပါတယ်
ကျွန်တော့်ထက် ဘေးစကားတွေကို ညိုက ယုံတာ
ညို တစ်ခါမှ အခုလို မပြောဖူးဘူး မမေးဖူးဘူး
ညို့ရဲ့အမေးက ကျွန်တော့်ကို မယုံကြည်ဘူးဆိုတဲ့ သက်သေကျွန်တော် ညို့ကို မရှင်းပြချင်ဘူး
ကျွန်တော့်ရဲ့ရှင်းပြချက်မလိုပါပဲ
ညို ကျွန်တော့်ကို အကြွင်းမဲ့ယုံတာ လိုချင်တယ်
ကျွန်တော့်အပေါ် သံသယရှင်းရှင်းနဲ့ ချစ်တာကို လိုချင်တာညိုကပြောတယ်
မောင်က သိပ်အတ္တကြီးတာပဲတဲ့
ကျွန်တော်က ညို့ကို ချစ်လွန်းလို့ပါ
ညို့ဘေးမှာ ကျွန်တော်ကလွဲရင်
ဘယ်ယောက်ျားမှ မရှိစေချင်တာတော့ အမှန်
ကျွန်တော် ညို့ကို ယုံကြည်ပေမဲ့
ကံတရားနဲ့ ညို့ဘေးမှာရှိတဲ့သူတွေကို မယုံတာညို ကျွန်တော့်အချစ်တွေကို မယုံကြည်တော့ဘူး ထင်ပါရဲ့
---------------ဒီနေ့ ကျွန်တော်နဲ့အတူ အလုပ်တွဲလုပ်ရမဲ့သူက
play girl လို့ နာမည်ကြီးနေတဲ့ မိန်းကလေးတဲ့
သတိတော့ထားရမှာပေါ့
မာယာများတတ်တဲ့ မိန်းမတစ်ချို့က
သိပ်ကြောက်ဖို့ ကောင်းတယ်လေသူနဲ့ စကားပြောကြည့်တော့
ညို့အဖေနဲ့လည်း စီးပွားရေးအတူလုပ်ခဲ့ဖူးတယ်ဆိုပဲ
ညို့အဖေဆိုတာက စီးပွားရေးလောကမှာ
နာမည်တစ်လုံးတည်းနဲ့ ရပ်တည်နေတဲ့သူမို့
နာမည်ပြောရုံနဲ့ သိတာပေါ့
ကျွန်တော်နဲ့သာ ဒီမိန်းကလေးအလုပ်အတူတွဲလုပ်လို့ အောင်မြင်ရင်
သတင်းက ပြန့်မှာပဲ
ဒါဆို ညို့အဖေလည်း သိမှာပဲ
အဲ့ဒီအခါ ကျွန်တော်နာမည်ကောင်းရပြီပေါ့
ညိုနဲ့ အမြန်ဆုံးလက်ထပ်ရဖို့ ဒီအချက်လည်း ပါဝင်တယ်လေအဲ့အချိန် ညိုရောက်လာတော့
ညိုက ကျွန်တော်နဲ့အပြင်သွားဖို့ လာခေါ်တာတဲ့
ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ပထမဆုံးအလုပ်လက်တွဲလုပ်ဖို့အတွက်
အစည်းအဝေးတက်ရအုံးမယ် လက်လွှတ်လို့မဖြစ်ဘူး
အလုပ်တောင်တွဲမလုပ်ရသေးခင် နာမည်ပျက်လို့မဖြစ်ဘူးလေဒါ့ကြောင့် ကျွန်တော် ညို့ကို ငြင်းလိုက်ရတယ်
ပထမဆုံး ငြင်းဆိုမှုအတွက် မောင် တောင်းပန်ပါတယ် ညိုရယ်
ညိုထွက်သွားတော့ ကျွန်တော်တို့စကားဆက်ပြောနေကြတုန်း
ကျွန်တော့်လက်ထောက် လာပြောတာက
ကုမ္မဏီမှာ စည်းမဲ့ကမ်းမဲ့ ကိုယ့်ရဲ့အလုပ်ရှင်အကြောင်း အတင်းတုပ်တဲ့သူတွေပေါ့
YOU ARE READING
အတ္တများနဲ့ မောင် ( အတ္တများနဲ့ မောင် )
Non-Fiction( Zawgyi ) ကျွန်မရဲ့ခံစားချက်တွေအားလုံးက မောင့်ရဲ့ " ချစ်လွန်းလို့ပါ " ဆိုတဲ့ စကားလုံးအောက်မှာပဲ အကြိမ်ကြိမ်ပျောက်ဆုံးခဲ့ရတာ မောင့်ရဲ့အတ္တတွေက ကျွန်မရဲ့ သည်းခံမှုကို ကျော်လွန်ကာ အနိုင်ယူခဲ့လေတော့လည်း လက်လွှတ်ပစ်လိုက်ဖို့ အကြောင်းဖန်လာခဲ့ပြီ မောင်ရယ်...