( Zawgyi )
" သစ်ခက်ညို! "
ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိတဲ့ မောင်က ကျွန်မနာမည်ကို အော်ခေါ်ပစ်တော့ ဆိုင်ထဲမှာရှိတဲ့လူတွေအားလုံးရဲ့အကြည့်တွေက ကျွန်မတို့ဝိုင်းဆီမှာ
" အော ဒီလူကိုး "
" ဒီမှာ ညီလေး အကိုပြောပြ...."
" ခင်ဗျားပါးစပ်ပိတ်ထား
သစ်ခက်ညို မင်းက နေ့လည်ကမှ ငါနဲ့ စကားများထားတာကို ဒီကောင်နဲ့ကျ ပျော်နိုင်သေးတယ်ပေါ့ ဟုတ်လား တတ်လည်းတတ်နိုင်တာပဲ "အော်ကြီးဟစ်ကျယ်ပြောနေတဲ့ မောင့်မှာ အရှက်ရောရှိသေးရဲ့လား အစကတည်းက လူက နုံးချိနေတာမို့ လူက ဘာမှတုံ့ပြန်ချင်စိတ်ရှိမနေဘူး
လာပြန်ပြီ ဒီနှလုံးကလည်း အောင့်အောင့်လာတာ" ဟက် တိတ်ဆိတ်ခြင်းက ဝန်ခံတယ်ဆိုတဲ့ သဘောပေါ့ ဟုတ်လား သစ်ခက်ညို
ငါ့မှာတော့ မင်းစိတ်ထိခိုက်နေမယ်ထင်ပြီး လာချော့မလို့ လာတောင်းပန်မလို့ မင်းကြိုက်တဲ့ အစားအစာလေးဝယ်ပြီး လာခဲ့မလို့ မင်းကတော့ တစ်ခြားတစ်ယောက်နဲ့ ညကြီးမိုးချုပ် လာသာယာနေတယ် "ကျွန်မဝန်ခံပါတယ်
မောင့်ကို စိတ်ကုန်ချင်မိနေပြီ" တော်တော့ မောင် "
" မင်းကောင်ကို ထိတော့နာတာလား ဟုတ်လား ဖြေစမ်းသစ်ခက်ညို "
ကျွန်မပခုံးကို အကြမ်းပတမ်းလှုပ်ကာရမ်းပြီး မေးနေတဲ့မောင်
နေရာမှာတင် အငွေ့ပျံချင်မိနေပါပြီ
ရိုင်းလာလိုက်တာ မောင်ရယ် မင်းကောင်တဲ့
မောင်က အတ္တကြီးရုံတင်မဟုတ်ဘူး ရိုင်းပါရိုင်းစိုင်းလာတာပါလေ" ဟျောင့် မင်း သစ်ခက်ကို အဲ့လိုမလုပ်နဲ့ "
" ခင်ဗျားကလည်း လျှာကို ရှည်တယ်ဗျာ "
ခွပ်.....
အကို
မောင် အကို့ကို လက်သီးနဲ့ထိုးလိုက်တယ်
နောက်တစ်ချက်ထပ်ထိုးမယ်အလုပ် ကျွန်မမောင့်ကို တားလိုက်လိုက်တော့" မောင့် မလုပ်နဲ့ "
" ဖယ်စမ်းပါ ညိုရာ "
မောင်က အားထည့်တွန်းလိုက်တာမို့
အစကတည်းက အားနည်းနေတဲ့ကျွန်မက ဟန်ချက်မထိန်းနိုင်ပဲ လဲကျသွားကာ နောက်မှာရှိတဲ့ ခုံစောင်းနဲ့ ရိုက်မိသွားတယ်
နာမနာတောင်မသိလိုက်တော့ပေမဲ့ ကျွန်မ စိတ်ကိုလွတ်ချလိုက်တော့တာမို့ အမှောင်ကျသွားခဲ့တယ်
မောင့်ခေါ်သံတော့ ကြားလိုက်ပါသေးရဲ့
YOU ARE READING
အတ္တများနဲ့ မောင် ( အတ္တများနဲ့ မောင် )
Non-Fiction( Zawgyi ) ကျွန်မရဲ့ခံစားချက်တွေအားလုံးက မောင့်ရဲ့ " ချစ်လွန်းလို့ပါ " ဆိုတဲ့ စကားလုံးအောက်မှာပဲ အကြိမ်ကြိမ်ပျောက်ဆုံးခဲ့ရတာ မောင့်ရဲ့အတ္တတွေက ကျွန်မရဲ့ သည်းခံမှုကို ကျော်လွန်ကာ အနိုင်ယူခဲ့လေတော့လည်း လက်လွှတ်ပစ်လိုက်ဖို့ အကြောင်းဖန်လာခဲ့ပြီ မောင်ရယ်...