( ၉ )

305 13 2
                                    

( Zawgyi )

" ဒါဆို ကြာပြီပေါ့ "

" ဟုတ် ဒေါက်တာ ၂နှစ်လောက်တော့ရှိပြီ "

" အမှန်ဆို ကိုယ့်ကိုယ်ကိုသတိထားပြီး အစောကြီးကတည်းက ဆေးစစ်ထားသင့်တာ
ခုလို အချိန်လွန်မှစစ်တော့ မဖြစ်သင့်တာတွေဖြစ်ကုန်ပြီမလား "

ကျွန်မ ဆေးစစ်ချက်အရ နှလုံးကင်ဆာဖြစ်နေတာတဲ့
နှစ်ကြာအောင် အောင်းမိထားတဲ့အတွက် အခြေအနေတော့ ဆိုးတယ်တဲ့
တကယ်လို့ ဆေးနဲ့အသက်ရှင်ရမယ်ဆိုရင်တောင် အလွန်ဆုံးမှ ၃နှစ်ပဲခံမယ်တဲ့
ဒါ ဆရာဝန်ပြောတဲ့စကားတွေပါပဲ

" ဆရာ နှလုံးကင်ဆာက ခွဲစိတ်လို့ရတယ်မဟုတ်ဘူးလား "

အကိုက ဝင်မေးလေတော့

" အင်း.....အမှန်အတိုင်း ပြောရရင် နှလုံးကင်ဆာဆိုတာ လူအယောက်တစ်ထောင်ကိုမှ တစ်ယောက်လောက်ပဲ ဖြစ်တတ်တာ တော်တော်ကို အဖြစ်နည်းတယ် ဘာလို့ဆို သူက လှုပ်ရှားမှုအများကြီးကိုလုပ်ရတာကြောင့်လေ ဒါပေမဲ့ ဖြစ်ပြီဆိုရင်လည်း တော်တော်ကို ဆိုးရွားတယ် ဆရာကတော့ ခွဲစိတ်မှုပြုလုပ်ဖို့ထက် ပုံမှန်ဆေးသောက်တာတို့ လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းချင်တယ် ခွဲစိတ်မှုအများစုက မအောင်မြင်ဘူးလေ အောင်မြင်မှုတော်တော်နည်းတယ် ဒါ့ကြောင့် မခွဲစိတ်ပဲနေတာက အသက်ဆက်ရဖို့ ပိုသေချာတာပေါ့ ဒါပေမဲ့ သစ်ခက်ညိုသဘောပါ ဘယ်လိုလုပ်ချင်လဲ "

မခွဲစိတ်ချင်ပါဘူး
ကျွန်မဒီတိုင်းလေးပဲနေချင်တယ်
ဒီတိုင်းလေးပဲ နေပါရစေ

" ဟင့်အင်း ဆရာ ကျွန်မ မခွဲစိတ်ပါဘူး
ဆရာပြောသလို ဆေးပုံမှန်သောက် လေ့ကျင့်ခန်းပုံမှန်လုပ် ဒီတိုင်းပဲ လိုက်နာပါ့မယ်
ဒီကြားထဲ ကုသိုလ်ကောင်းမှုလေးတွေလည်း လုပ်ရင်းပေါ့ "

ပြီးတော့ မောင့်ကိုလည်း လွမ်းရင်း

" ဒါဆို အဆင်ပြေပါတယ် ဆေးလေးတွေတော့ ပုံမှန်သောက်ပေးပါ
ပြီးတော့ အမြဲတမ်း အေးချမ်းရာကိုရှာပါ
ဒေါသဖြစ်စရာတွေ ဝမ်းနည်းစရာတွေ မတွေးပါနဲ့ သစ်ခက်ညို ဆရာ သွားတော့မယ် "

" ဟုတ် ကျေးဇူးပါ ဒေါက်တာ "

ဆရာဝန်ထွက်သွားတော့ အကိုက ကျွန်မဘေးလာကာ

အတ္တများနဲ့ မောင် ( အတ္တများနဲ့ မောင် )Where stories live. Discover now