😘13😘 { Uni }

312 19 0
                                    

အမုန်းအမည်မတွင်သော အချစ်

အပိုင်း - ၁၃

L'Mom ''အကို သားတို့နှစ်ယောက်က အရမ်းအေးစက်လွန်းတယ်။ ''

L 'Dad ''ကိုယ့်အမှားတွေပါ ခင်ရယ်။ ဒါပေမယ့် ကို သားသူရိန်ကိုယုံတယ်။ ခင့်သားငယ်ကလည်း သူရိန့်ကိုချစ်နေသေးတယ်ဆိုတာ ကိုသိတယ်။''

L'Mom ''သားငယ်လေးကို အရင်လိုပျော်စေချင်တယ်။ ခင် တို့ ဘယ်လိုလုပ်ရမလဲ''

သားနှစ်ယောက် ပြန်အဆင်ပြေအောင်လုပ်ပေးဖို့ ဆွေးနွေးနေတုန်း မြေးမလေးဖြူစင်ရှင်းသန့် က အသံတစာစာနဲ့ ပြေးလာသည်။

P ''ဖိုးဖိုး န့ဲ ဖြားဖြားေရ''

ပြေးဝင်လာပြီး အဖိုးဖြစ်သူ ပေါင်ပေါ်မှာဝင်ထိုင်လိုက်သည်။

L'Mom ''မြေးလေးရယ် ဘာလို့ပြေးလာတာလဲ''

P ''Daddy ဆီက ဖုန်းရတယ်။ ပါပါးက ဆေးရုံဆင်းရပီတဲ့။ ဖြူလေးလေ ပါပါးနဲ့Daddy ကို အဆင်ပြေစေချင်ရယ်။ ဟိုဘက် အိမ်က မမဆို သူ့ဖေဖေနဲ့မေမေတို့က အရမ်းချစ်တာ။ ဖြူလေးကိုရော ပါပါးက ချစ်ပါ့မလားဟင် ပွားပွား''

L'Mom ''ချစ်တာပေါ့။ သမီးပါပါးက သမီးကို အရမ်းချစ်တာ။''

P ''ဖြူလေးကို မချစ်ရင်ရတယ် Daddy ကို ချစ်ရင်ရပြီ။ ပါပါး Daddy ကိုချစ်လာအောင် ဖြူလေး လုပ်ပြမယ်။''

L'Dad ''ဟေ မြေးမလေးက''

P ''ဟီး.. ဒီနေ့ကစပြီး ပါပါးနဲ့Daddy ကို အဆင်ပြေအောင် သမီးလုပ်ပြမယ်။ မယုံရင်စောင့်ကြည့်နေကြ။''

အခုမှ ၂နှစ်ကျော် ၃ နှစ်တောင် မပြည့်သေးတဲ့ ကလေးမက အဖေနှစ်ယောက်ကို အဆင်ပြေအောင်လုပ်မယ်ဆိုသောစကားကြောင့် အဘိုးနဲ့အဘွားက ရယ်နေကြသည်။

ညနေရောက်တော့ လင်းသစ် ဆေးရုံကဆင်းလာရပြီ။ အိမ်ရောက်တော့ အားလုံးက ဂရုစိုက်ကြသည်။ အိပ်ခန်းထဲမှာ ကိုကိုက အနာကို ဆေးထည့်ပေးနေတုန်း သမီးလေးဖြူစင် အခန်းထဲဝင်လာသည်။

P ''ပါပါး''

L ''ဗျာ့ သမီးလေး"

P ''အရမ်းနာနေလားဟင်''

L ''သိပ်တော့မနာပါဘူး သမီးရဲ့''

P ''ဘယ်နာ မလည်း Daddy က ဆေးသေချာထည့်ပေးနေတာကို😄😄😄''

အမုန်းအမည်​မတွင်​​သော အချစ်​ {Completed}Where stories live. Discover now