😘21😘 { Uni }

223 12 0
                                    

အမုန်းအမည်မတွင်သော အချစ်

အပိုင်း - ၂၁

မနက်ခင်းမှာ ကြားရတဲ့ ကျေးဌက်တို့ရဲ့ တေးသီသံနဲာ အတူ မျက်နှာပေါ်ကျရောက်လာတဲ့ နေရောင်ခြည် နဲ့ အတူ ရာရာ အပျင်းတစ်ချက်ဆန့်ပြီး နိုးထလာသည်။ မနေ့ည ၁၂ နာရီကတည်းက မြန်မာပြည်ကို ပြန်ရောက်နေခြင်း။ မိမိပြန်ရောက်နေတာကို ဘယ်သူမှမသိ။ ဖုန်းကို ဖွငိ့လိုက်တော့ ပေါ်လာတဲ့ Log Screen Wallpaper ကြောင့် တစ်ချက်ပြုံးမိသည်။

A "What!!!!! 9 နာရီထိုးနေပြီ။ ဒီအချိန် မ ဆေးရုံရောက်နေလောက်ပြီ။ အား!!! မြန်မြန်လုပ်မှ။"

တစ်ယောက်ထဲ ပြာယာတွေခက်ပြီး ဟိုဟာတိုက်မိ ဒီဟာတိုက်မိနဲ့။ ဒီနေ့ မ ဆီက အဖြေရမှာမို့လို့ ပိုပြီးရင်ခုန်နေသည်။ အကြောင်းမကြားဘဲ ပြန်ရောက်နေတယ်ဆိုတာ သိရင် ဘယ်လောက်အံ့သြလောက်မလဲ။ ကိုယ့်အတွေးနဲ့ကိုယ်ပြုံးမိနေသည်။
••••••••••••
T "အလင်း စေ့စပ်ပွဲလိုက်မလား။"

လင်းသစ် တစ်ချက်စဉ်းစားလိုက်ရင်း

L "Omm လိုက်မယ် ကိုကို"

T "အာဆို ကိုယ် ၁၀ နာရီလောက် အလင်းကို လာခေါ်မယ်နော်။"

L "ဟုတ် ကိုကို။ အာဆို ကျွန်တော် ကုမ္ပဏီ သွားတော့မယ်။ ဖြူလေးကိုလည်း မူကြိုဝင်ဖို့ခဲ့လိုက်မယ်။"

T "Omm။ အလင်း..။"

L "ပြောလေ ကိုကို"

T "အရမ်းချစ်တယ်"

ပြောပြီး လင်းသစ်ကိုဖတ်ထားလိုက်သည်။ နဖူးကိုခပ်ဖွဖွလေးနမ်းပြီးနောက် Morning Kiss ဆိုပြီး နှုတ်ခမ်းကို ထပ်နမ်းသည်။

မြ

T "ကလေးနှုတ်ခမ်းလေးက ဘယ်ချိန်နမ်းနမ်း ကိုယ့်အတွက် အားဆေးတစ်ခွက်ဘဲ။"

L "အ..အလုပ် နောက်ကျနေပြီ။ ပြီးတော့ ညက ပြောထားတာ မမေ့နဲ့"

လင်းသစ် ထွက်သွားမှ သူရိန် သက်ပြင်းချမိသည်။ သူမလုပ်နိုင်ဘူး။ ဖေဖေ သိရင် အလင်းကို မျက်မုန်းကျိုးမဲ့ အဖြစ်။ နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချလိုက်မိသည်။
••••••••••••••••
ရဲနောင်အိမ်မှာ လူတွေအားလုံး အလုပ်ရှုပ်နေကြသည်။ ရှုပ်မှာပေါ့ ဒီနေ့က ကျွန်တော့် ရဲ့ စေ့စပ်ပွဲနေ့။ပါပါး ီကတော့ ပြုံးလို့ပျော်လို့ပေါ့။ မနေ့က ဘာစ်ိတ်ကူးပေါက်လဲ မသိ အခန်းထဲလာပြီး ပါပါးက သားကို အချစ်ဆုံးဆိုတာ သိတယ်မလား တဲ့။ ဒါကြောင့် ပါပါးစိတ်ပျက်အောင် မလုပ်ပါနဲ့တဲ့။ ဒါက ကျွန်တော့ကို သတိပေးခြင်းဘဲ။့ကျွန်တော် အတွေးဘယ်လောက်လွန်မှန်းမသိ မိက်ကပ်ဆရာရဲ့ အသံကြားမှ သတိကပ်တော့သည်။

အမုန်းအမည်​မတွင်​​သော အချစ်​ {Completed}Where stories live. Discover now