😘2nd ending😘 { Uni }

506 12 0
                                    

အမုန်းအမည်မတွင်သော အချစ်

ဇာတ်သိမ်းပိုင်း (ဒုတိယပိုင်း)

ထူးခန့် နိုးလာတော့ မရင်းနှီးတဲ့ နေရာတစ်ခု။ လေယာဉ်ပေါ်မတတ်ခင် သန့်စင်ခန်း၀င်ပြီး ကိစ္စရှင်းပြီး ပြန်ထွက်တော့ နောက်ကနေ လူတစ်ယောက်က နှာခေါင်းကို အ၀တ်တစ်ခုနဲ့ အုပ်လိုက်တယ် ဆိုတဲ့ အထိဘဲ မှတ်မိသည်။

*အားရှီး ငါ ဘယ်ရောက်နေတာတုန်း။*

အခန်းပြင်ကို ထွက်လာပြီး ဟိုကြည့် ဒီကြည့်လုပ်နေတုန်း တစ်ဖက်ခန်းထဲကနေ ထွက်လာတဲ့ လူတစ်ယောက်။ ထိုလူကလဲ ကျွန်တော့်ကို တွေ့ပြီး ပါးစပ်အဟောင်းသားနဲ့။ ကျွန်တော်တို့ နှစ်ယောက် ပြိုင်တူထွက်လိုက်မိတဲ့ အမည်နာမတစ်ခု

*ထူးခန့်မိုး / အမရာ*

*နင် ဒီကို ဘယ်လိုရောက်နေတာလဲ ထူးခန့်*

*ငါ မသိဘူး။ နင်ရော*

*ငါလဲ မသိဘူး။ ငါ လေယာဉ်ပေါ်တတ်ခံနီး လူတစ်ယောက်က ပန်းပေးတယ်။ ငါလဲ ပန်းလေးကလှလို့ မွှေးမလားလို့ မွှေးကြည့်တာ။ ပြီးတော့ ငါဘာမှ မသိတော့ဘူး။ အခုမှ နိုးလာတာ။*

*ငါရောဘဲ နင်နဲ့ အတူတူဘဲ။*

*ထူးဆန်းလိုက်တာ။ ငါ့ Papa စိတ်ပူနေတော့မှာ။ ဖုန်းလဲ ရှာတာမတွေ့ဘူး။*

ရာရာ က ဖုန်းဆိုမှ ကျွန်တော်လည်းဟဖုန်းလိုက်ရှာမိသည်။ မတွေ့တော့မှ ၂ယောက်သား ဧည့်ခန်းထဲမှာ ထိုင်နေလိုက်သည်။

*ငါတို့ အခု ဘယ်ရောက်နေတာလဲ*

*ငါလဲ မသိဘူး။*

ဧည့်ခန်းထဲ စကားပြောနေတုန်း အထုတ်အပိုးတွေနဲ့ ၀င်လာတဲ့ လူနှစ်ယောက်။

*ဟင် မ*

*ရာ*

*ပိစိ*

*ကိုကို*

လေးယောက်သား ကြောင်ကြည့်နေကြတုန်း မအိမ်စည် ဖုန်းလေးက ထမြည်လာသည်။

*Hello ကိုနှိုင်း*

*ညီမလေး ရောက်ပြီလား*

*အခုဘဲရောက်တာ*

*ဘယ်လိုလဲ လက်ဆောင် တွေ့ပြီးပြီမလား။*

*လက်ဆောင်*

အမုန်းအမည်​မတွင်​​သော အချစ်​ {Completed}Where stories live. Discover now