အမုန်းအမည်မတွင်သော အချစ်
အပိုင်း - ၃၂
*ကိုကို*
*ကလေး လာပြီလား။*
*အွန်း ကိုကို သမီးလေးကိုပါ ခေါ်သွားရအောင်လေ။မိသားစုလိုက် ခရီးထွက်ရအောင် ဟီး*
*ကောင်းသားဘဲ။ အာဆို သမီးလေးကိုပါ ခေါ်သွားကြတာပေါ့။*
*ယေး ဒီအချိန် ပြင်ဦးလွင်မှာ စတော်ဘယ်ရီ ပေါ်လောက်ပြီနော်။*
*ကိုကိုတော့ အဆိုးလေးနှစ်ယောက်ကို ထိန်းရတော့မယ်*
*ဘာလဲ ငြိုငြင်တာလား။*
*မငြိုငြင်ရက်ပါဘူးဗျာ။ ကဲ အိမ်ပြန်ပြီး သမီးလေးကို သွားခေါ်ရအောင်။*
*Oki*
၂ယောက်သား လက်ချင်းချိတ်ပြီး ဆေးရုံထဲမှ ထွက်လာကြသည်။ သူတို့ကို ကြည့်နေတဲ့ ကားပေါ်က လူကိုတော့ သတိမထားမိကြ။
*အဲ့တာ ငါ့သားလေးလား။ ငါ သတ်ပစ်ဖို့အထိ ကြံစည်ထားတဲ့ ကလေးက ငါ့သားတဲ့လား။*
📲📲📲📲
ဦးရဲထွဋ်ခေါင် အတွေးလွန်နေတုန်း အမည်မသိတဲ့ ဖုန်းဝင်လာသည်။ မကိုင်ဘဲ ထားပေမယ့် ထပ်ခါတလဲလဲ ၀င်လာတာကြောင့် ကိုင်လိုက်သည်။
*Hello ရဲထွဋ်ခေါင် ပြောနေပါတယ်။*
*ကျွန်တော် ဒေးဗစ် ပါ။*
*ဟင် ဘာကိစ္စလဲ*
*ဘာကိစ္စလဲ ဆိုတော့ ဒီနေ့ လင်းသစ် တို့ ပြင်ဦးလွင် သွားကြမှာတဲ့။ အဲ့တာ ကျွန်တော်တို့အတွက် အခွင့်အရေးဘဲ။*
ထိုစကားကို ကြားပြီး ဦးရဲထွဋ်ခေါင် ထိတ်လန့်သွားသည်။
*မောင်ဒေးဗစ် အန်ကယ်ပြောတာ ခန နားထောင်ပေး။ အန်ကယ်အခု အန်ကယ့်သား မင်္ဂလာဆောင်နဲ့ အလုပ်ရှုပ်နေတာ မို့လို့။ မင်္ဂလာပွဲ ပြီးမှ လှုပ်ရှားလဲ ဘာမှ မဖြစ်ပါဘူး။*
*ကျွန်တော်ကတော့ အဲ့အကောင်ကို အသေသတ်ပစ်ချင်နေပြီ။ အာဆိုလည်း အန်ကယ့်သား မင်္ဂလာပွဲ ပြီးမှ လှုပ်ရှားတာပေါ့။ ဒါဘဲ နော် အန်ကယ်*
YOU ARE READING
အမုန်းအမည်မတွင်သော အချစ် {Completed}
Romanceဒီ Fic လေးက အကို တစ်ယောက်နဲ့ Idea လေးမို့လို့ အမှားပါ ရင် ခွင့်လွှတ်ကြပါနော်။ ၁၄.၅.၂၀၁၈ တွင် စရေးသည်။ Chel💖💖