အမုန်းအမည်မတွင်သော အချစ်
အပိုင်း - ၁၉
လင်းသစ် ရုံးရောက်တော့ အလုပ်တွေတာ ဖိလုပ်နေလိုက်သည်။ ရာရာ ရော ဆ၇ာမကြီးအယ်လ်နီ ကရော အခုတစ်ခေါက် နိုင်ငံပေါင်းစုံ ဒီဇိုင်နာ ပြိုင်ပွဲမှာ ၀င်ပြိုင်ခိုင်းနေသည်။ ပြိုင်တာက ပြိုင်လို့၇ပါတယ် ကိုကို ကခွင့်ပြုအုံးမှပေါ့။
နေပါအုန်း ကိုကို ၇ဲ့ ခွငိ့ပြုချက်ယူရအောင် ငါက သူ့ကိုပြန်ချစ်နေပြီလား။ မမုန်းတော့ဘူးလား။ အင့်ဟင်း အစကတည်းက မုန်းမှမမုန်းခဲ့တာ။ အာဆို ပြန်ပြီချစ်နေပြီလား။ အစကတည်းက ချစ်နေတာပါ။ တစ်နေ့မှ မေ့မရခဲ့ဘူး။ ကိုကို့ ကို ဘယ်လောက်ထိချစ်လဲဆိုရင် ကမ္ဘာပေါ်မှာ၇ှိတဲ့ သမုဒ္ဒ၇ာကြီးလေးစင်း ထက် ပိုချစ်တယ်။ အဆုံးမ၇ှိ အချစ်တွေနဲ့။ ဘ၀ဆက်တိုင်းမှာ ကိုကိုနဲ့ ဖူးစာပါရစေဆိုပြီး နေ့တိုင်းဘု၇ား၇ှိခိုးပြီးဆုတောင်းတယ်။
ဟိုလူကြီးကရော ချစ်တယ်ပြောပြီး အခုထိ ဖုန်းဆက်ပြီး မချော့သေးဘူး။ ကိုယ်က စေတနာနဲ့ပြောတာ သူ့သူငယ်ချင်းဘက်က ပါတယ်။ ဟွန်း ကြည့်ထား အကြီးကြီးစိတ်ကောက်ပြမယ်။
လင်းသစ် အလုပ်သာ လုပ်နေပေမယ့် စိတ်က ဖုန်းဆီေ၇ာက်နေသည်။ ဖုန်းများခေါ်မလားဆိုပြီးတော့ပေါ့။ ရုံးဆင်းချိန်ထိ သူရိန် ဖုန်းမခေါ်ပါ။
::::::::::::::::::::::::::::::::::::::::::::::::::::
သူရိန် ဒီနေ့စောစော ဂျူတီထွက်လာခဲ့သည်။ ကောက်စိန်ကိုချော့မယ်လေ။ အလင်းငယ် ပြန်သွားကတည်းက ဖုန်းခေါ်ချင်ပေမယ့် အေ၇းပေါ်လူနာေ၇ာက်လာတော့ မခေါ်ဖြစ်လိုက်။
E "ပြန်တော့မှာလား ကိုကို"
T "Omm စည်လေးေ၇ ကောက်စိန်လေးကို ချော့မလို့။"
E "ဖြူလေး လား"
T "မဟုတ်ဘူး။ အလင်းငယ်လေ"
E "အယ် ဘာဖြစ်လို့ကောက်တာလဲ"
T "ရဲနောင်နဲ့ စကားများတာ အဲ့တာ ကိုယ်က ရဲနောင်ဘက်က ၀င်ပြောပေးလိုက်တော့ ကောက်သွားတာ။"
YOU ARE READING
အမုန်းအမည်မတွင်သော အချစ် {Completed}
Любовные романыဒီ Fic လေးက အကို တစ်ယောက်နဲ့ Idea လေးမို့လို့ အမှားပါ ရင် ခွင့်လွှတ်ကြပါနော်။ ၁၄.၅.၂၀၁၈ တွင် စရေးသည်။ Chel💖💖