😘28😘 { Uni }

177 10 0
                                    

အမုန်းအမည်မတွင်သော အချစ်

အပိုင်း - ၂၈

*ဒေစီ နိုးပြီလား။*

အိပ်ယာက နိုးနိုးခြင်း မကြားချင်သောအသံ မမြင်ချင်သော မျက်နှာကို မြင်လိုက်ရ၍ ဒေစီ ဒေါသထွက်မိသည်။ ဒါပေမယ့် ကိုယ်လိုချင်တာ ရဖို့အတွက် ဒီဒေါသတွေကိုခေတ္တခန မျိုချပစ်ရအုံးမည်။

*ကိုရဲ ဒေစီ ဗိုက်ဆာတယ်*

*Omm ခနစောင့်နော် ကိုရဲ သွားစီစဉ်ပေးမယ်။*

ခပ်သုတ်သုတ် အခန်းထဲက ထွက်သွားသူရဲ့ ကျောပြင်ကို ကြည့်ပြီး မဲ့ ပြုံးပြုံးလိုက်သည်။ ခနနေတော့ နွားနို့နဲ့ ကိတ်မုန့်ပန်းကန်ကိုင်ပြီး ပြန်၀င်လာတော့ ဟန်ဆောင်ပြုံးလိုက်သည်။

*ဒီမှာ ဒေစီ အကြိုက် ကိတ်မုန့်လေး*

*Thank you ကိုရဲ။*

စားနေရင်းနဲ့ ငယ်ဘ၀တုန်းက အစ်ကို လုပ်ကျွေးဖူးတဲ့ ကိတ်မုန့်ကို အောက်မေ့သတိရမိတော့ မျက်ရည်တစ်စက် ကျဆင်းသွားမိ။ ကိုရဲ မမြင်အောင် သုတ်လိုက်ပြီး

*မုန့်က အရမ်းစားလို့ကောင်းတာဘဲ။*

*ဒေစီ ကြိုက်ရင် ကိုယ် အမြဲတမ်းလုပ်ကျွေးမယ်လေ။ အော် ဒါနဲ့ ကိုယ် မြန်မာပြည်ကို ခန ပြန်အုံးမယ်*

*ဟင် ဘာသွားလုပ်မှာလဲ*

*အလုပ်ကိစ္စပါ*

*ဒေစီလဲ လိုက်ချင်တယ်*

*မလိုက္​ရဘူး!!*

*ဘာလို့လဲ ဒေစီ က မြန်မာလူမျိုးလေ ပြီးတော့ ဒေစီ့ အတိတ်ကို ပြန်သတိရချင်တာပေါ့။ ဒါကြောင့် ပြန်လိုက်ချင်တာပါ။*

*နောက်မှ လိုက်ပါလား ဒေစီရယ်။ ဒေစီ က နေမှမကောင်းသေးတာ။ အာကြောင့် ကိုရဲ က မလိုက်ခိုင်းတာပါ။*

*မလိုက်ရဘူးဆိုလဲ ဒီမှာ အစောင့်တွေ မထားခဲ့နဲ့။ အစောင့်တွေနဲ့နေရတာ စိတ်ကျဉ်းကျပ်တယ်*

*ဒါတော့ မဖြစ်*

*အာဆို မြန်မာပြည်လိုက်မယ်။ ၂ခုထဲက တစ်ခုရွေး*

🍒ဟင်းဟင်း ဦးရဲထွဋ်ခေါင်ရယ် ရှင် ကျွန်မ အတိတ်ပြန်သတိရမှာ အရမ်းကြောက်လို့ မြန်မာပြည်ကို ပြန်မခေါ်ချင်တာမလား။ ဘယ်လိုလုပ်မလဲ ကျွန်မက အတိတ်တွေကို အကုန်မှတ်မိနေတော့ ခက်သားဘဲ 😏😏😏😏🍒

အမုန်းအမည်​မတွင်​​သော အချစ်​ {Completed}Where stories live. Discover now