😘34😘 { Uni }

217 12 1
                                    

အမုန်းအမည်မတွင်သော အချစ်

အပိုင်း - ၃၄

တီးတောင်!!!

*Jem ဟိုတယ်က ၀န်ထမ်းလေးတွေထင်တယ် တံခါးဖွင့်ပေးလိုက်ပါအုံး*

*ဟုတ် မမ*

Jem လည်း တံခါးဖွင့်ပေးလိုက်တော့ မြင်လိုက်ရတဲ့ မျက်နှာကြောင့် လန့်ဖြန့်သွားသည်။

*Jem ဘယ်သူ..ဟင်*

*နေကောင်းလား နန်း။*

*အစ်..အစ်ကိုက ဘယ်လိုလုပ်*

*အစ်ကို့ကို အခန်းထဲ ပေး၀င်ပါအုံး။*

*၀င်ခဲ့ပါ ကိုရဲ*

အခန်းထဲ ရောက်တော့ ဆိုဖာမှာ၀င်ထိုင်လိုက်သည်။ နန်း နဲ့ Jem လည်း တစ်ဖက်မှာ ၀င်ထိုင်လိုက်ပြီး

*နန်း အတိတ်ကို ပြန်မှတ်မိနေတာ ကြာပြီမလား*

ကျွန်တော်မေးလိုက်တော့ မျက်နှာပျက်သွားတဲ့ နန်း နဲ့ Jem.

*ကို အားလုံးသိတယ်။ Jem မင်း ဘာရည်ရွယ်ချက်နဲ့ ငါ့အနားရောက်လာလဲဆိုတာရော ငါသိတယ်။*

*ဆ... ဆရာ ဘာတွေပြောနေတာလဲ*

*မင်းအမည်အရင်းက ဂျူးဂျူး မေတ္တာရိပ်မြုံ ဆိုတဲ့ ဂေဟာ ပိုင်ရှင်။*

*ခင်ဗျားသိနေတော့လဲ ဘာမှဖုံးကွယ်စရာ မလိုတော့ဘူး။ ဟုတ်တယ် ရှင့်ကြောင့် အပြစ်မရှိတဲ့ ကလေးတွေ သေရတာ။ ရှင့်ကြောင့် ကျွန်မသူငယ်ချင်း ၂ယောက်သေရတာ။ ရှင့်ကြောင့် ကျွန်မညီမလေးသေရတာ။ ရှင့်ကို ကလဲ့စားချေဖို့အတွက် ရှင့်အနားကို ရောက်လာတာ။*

*ဆရာ သိပါတယ်။ ရော့ ဒီလိပ်စာ မှာ မင်းညီမလေး နဲ့ မင်းသိပ်ချစ်ရတဲ့ ကလေးလေးတွေရှိတယ်။*

စားပွဲခုံပေါ် တင်ပေးလိုက်တဲ့ လိပ်စာကဒ်လေးကို ကြည့်ပြီး အံ့သြလို့မဆုံး။

မေတ္တာရိပ်မြုံ မိဘမဲ့ဂေဟာ
အမှတ်××××××××နောင်ချိုမြို့နယ်။

*ဒါက ဒါက*

*ဆရာ့ဘ၀မှာ လူသတ်ဖူးပေမယ့် အပြစ်မရှိ ရိုးသားဖြူစင်တဲ့ ကလေးတွေကိုတော့ ဆရာ မသတ်ဘူး။ မင်း ဒီအကြောင်းတွေ ဆက်သိချင်သေးရင် မင်းညီမကိုဘဲ မေးတော့။ အခုတော့ နန်း နဲ့ တစ်နေရာ သွားမလို့ လာခေါ်တာ*

အမုန်းအမည်​မတွင်​​သော အချစ်​ {Completed}Where stories live. Discover now