အမုန်းအမည်မတွင်သော အချစ်
အပိုင်း - ၂၉
ထမင်းစားခန်းတွင် ဇွန်းသံ ခွက်သံတို့သာ ကြီးစိုးပြီး ကျန်တာ တိတ်ဆိတ်လို့။ ထို တိတ်ဆိတ်ခြင်းက်ို လင်းသစ် က ဖြိုခွဲ လိုက်သည်
*ဖေဖေ*
*ပြောလေ သား*
*ဖေဖေ နဲ့ မေမေ က ဘယ်လိုတွေ့ပြီး ချစ်ခဲ့ ကြတာလဲ။*
မေးခွန်းအဆုံး ဦးတော်၀င်ထမင်းစားခြင်းကို ရပ်လိုက်သည်။ ဒေါ်ခင်ဥမ္မာ လဲ ဦးတော်၀င်ကို လှမ်းကြည့် လင်းသစ်ကတော့ အေးအေးဆေးဆေး ထမင်းစားမပျက်
်*သားက ဘာလို့မေးတာလဲ*
*သားသိချင်လို့ပါ ဖေဖေရာ ဘာလဲ ဖေဖေ က မပြောပြချင်ဘူးလား*
*အဲ့လို မဟုတ်ပါဘူး သားရယ်။ သားမေမေ ကို ဖေဖေ သူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာ စတွေ့ခဲ့တာ။*
အမှန်တော့ စတွေ့ခဲ့တာ ဦးတော်၀င်နဲ့ ဒေါ်နန်းခင်မှုံ တို့ရဲ့ မင်္ဂလာပွဲမှာ။ သားဖြစ်သူ ဘာလို့ ရုတ်တရက်ထမေးလဲ ဆိုတာ မသိပေမယ့် လိမ်ပြီးဖြေလိုက်သည်။
*ဒါဆို ဖေဖေ က မေမေ့ကို အရင်စတွေ့ပြီး ချစ်ခဲ့တာပါ။*
*သားလင်းသစ် ဘာတွေ လျှောက်မေးနေတာ။ တကယ်ဘဲ စားစရာရှိတာစား*
ဒေါ်ခင်ဥမ္မာ စကားဝိုင်းထဲ ၀င်ပြောမှ လင်းသစ် ရပ်သွားတော့သည်။ ဦးတော်၀င် ကို လှမ်းကြည့်တော့ မျက်စိမျက်နှာပျက်လို့။ ရင်ထဲ စိုးထိတ်သွားတာက သားများ တစ်ခုခု သိသွားပြီလားလို့ အကဲ ခတ်လိုက်တော့ အေးဆေးဘဲ။
*ဖေဖေ စားလို့ ဝြပီ အော် သားသူရိန် ပြီးရင် စာကြည့်ခန်းထဲ ခနလောက်*
*ဟုတ် ဖေဖေ*
ဦးတော်၀င် ပြောပြီတာနဲ့ ထမင်းစားပွဲကနေ ထွက်သွားသည်။ လင်းသစ် ကတော့ ပန်းကန်ထဲက ကြက်သားတုံးကို ခက်ရင်းနဲ့ ထိုးဆွ နေသည်။
💐 ဖေဖေ ညာတယ်။💐
အားလုံး စားသောက်ပြီးတော့ လင်းသစ် က အပေါ်ထပ်တတ်သွားသည်။ သူရိန် ကတော့ စာကြည့်ခန်းထဲ ၀င်ခဲ့သည်။
ဒေါက် ဒေါက်
*၀င်ခဲ့*
*ဖေဖေ*
YOU ARE READING
အမုန်းအမည်မတွင်သော အချစ် {Completed}
Romanceဒီ Fic လေးက အကို တစ်ယောက်နဲ့ Idea လေးမို့လို့ အမှားပါ ရင် ခွင့်လွှတ်ကြပါနော်။ ၁၄.၅.၂၀၁၈ တွင် စရေးသည်။ Chel💖💖