😘30😘 { Uni }

181 10 1
                                    

အမုန်းအမည်မတွင်သော အချစ်

အပိုင်း - ၃၀

*အိမ်စည်*

*ပြောလေ ကိုရဲနောင်*

*ညက Papa ပြန်ရောက်လာပြီ။ အစ်ကို နဲ့ အိမ်စည် ရဲ့ မင်္ဂလာပွဲ ကို ဒီတစ်ပတ်အတွင်းလုပ်မယ်တဲ့။*

*ဟင် အာဆို အိမ်စည်တို့ ဘယ်လိုလုပ်မလဲ။ မနက်က ရာ့ကို ဆေးရုံရှေ့မှာ တွေ့လိုက်တယ်။ အရမ်းပိန်သွားတယ်။*

*အစ်ကိုလဲ ဒီရက်ပိုင်း ပိစိနဲ့ မတွေ့ဖြစ်ဘူး။ အဲ့ကလေး နေရော ကောင်းလားမသိဘူး။*

*အိမ်စည်တို့ ဘဝတွေကလဲ မဖြစ်နိုင်တဲ့ အချစ်ကိုမှ တွယ်တာမိနေကြတယ်။ အိမ်စည် သေတာ သေလိုက်ချင်တော့တယ်။*

ဟူး.......

နှစ်ယောက်သား သက်ပြင်းပြိုင်တူချမိသည်။

*ဘာလို့ သက်ပြင်းချနေတာလဲ။ အသက်တိုနေလိမ့်မယ်*

*တိုတော့ မကောင်းဘူးလား ကိုကိုရာ။ ချုပ်ချယ်မှုတွေကြားက လွတ်မြောက်ချင်နေပြီ။*

*အမယ် ဘာစိတ်ညစ်စရာတွေ ရှိနေတာလဲ။ သားကြီး မင်းမျက်နှာကဘာဖြစ်နေတာလဲ မျောက်အိုကြီးကျလို့။*

*မင်း ပြောအားရှိတုန်း ပြောထားပေါ့။ ဒါနဲ့ မင်းဒီနေ့ သွားမှာဆို*

*Omm ညနေမှ သွားမှာ သော်တာက ၀တ်စုံ လာယူမလို့တဲ့ အာကြောင့် အချိန်ပြောင်းတာ။ အော် အိမ်စည် ကိုနှိုင်းမရက နေ့လည်ကြရင် တွေ့လို့ရမလားတဲ့*

*အိမ်စည် လဲ ကိုကို ကို တွေ့ချင်တယ် ဒါပေမယ့် အိမ်စည် ဖေဖေ့ကို ကြောက်တယ်။*

*ကိုနှိုင်း ကို ဆေးရုံလာခိုင်းလိုက်လေ။ မောင်နှမ နှစ်ယောက် အေးဆေးစကားပြောကြပေါ့။*

*ကျေးဇူးပါ ကိုသူရိန် အရင်က စည်လေး လုပ်ခဲ့တာတွေ အတွက် ခွင့်လွှတ်ပေးပါနော်။*

*ခွင့်လွှတ်ပြီးသားပါ။ ဒါနဲ့ မင်္ဂလာပွဲက ဘယ်နေ့လဲ။*

*ဒီအပတ် စနေတဲ့*

*Oh God ဒါဆို ထူးခန့် နဲ့ ရာ ကရော။*

*မသိတော့ဘူး*

၃ယောက်သား ဘာစကားမှ မပြောတော့ဘဲ အတွေးကိုယ်ဆီ လွှင့်မျှောနေကြသည်။

အမုန်းအမည်​မတွင်​​သော အချစ်​ {Completed}Where stories live. Discover now