😘35😘 😍ENDING😍 { Zawgyi }

2.9K 78 15
                                    

အမုန်းအမည်​မတွင်​​သော အချစ်

အပိုင်း - ၃၅

ဇာတ်​သိမ်းပိုင်း (ပထမပိုင်း)

*ပစ္စည်း​တွေ အကုန်​စုံပြီလား အလင်းငယ်​*

*စုံပြီ ကိုကို။ လာသမီး ကား​ပေါ်တတ်​ရ​အောင်​။*

*ကဲ အာဆို သွားကြရ​အောင်​။ ကိုပု နဲ့ ​ဒေါ်ကြီး​ဝေ တို့ ကျွန်​​တော်​တို့ ပြန်​​တော့မယ်​​နော်​။*

*လမ်းခရီးမှာ အဆင်​​ပြေပါ​စေ။ ဂရုစိုက်​သွားကြ​နော်​။*

*ဟုတ်​ကဲ့။ သွားပြီ​နော်​*

သူရိန်​တို့လည်း ရန်​ကုန်​ကို ပြန်​လာခဲ့သည်​ မနက်​​၆ နာရီ ထွက်​လာတာဆို​တော့ ရန်​ကုန်​ကို မိုးမချုပ်​ခင်​ ​ရောက်​​လောက်​သည်​။

*လုပ်​ငန်းစ​တော့မလား။*

*​အေး​ဆေး သူတို့ သူငယ်​ချင်း မင်္ဂလာပွဲ ပြီးမှ လုပ်​တာ​ပေါ့ဟင်း ဟင်း *

်​​ကောက်​ကျစ်​စဉ်းလဲ​သော လူယုတ်​မာ ​ဒေးဗစ်​ကို အခုချိန်​မှာ ရဲ​တွေလည်း ပိုက်​​စေ့တိုက်​ရှာ​ဖွေ​နေ​သည်​။ သူက​တော့ ရုပ်​ဖျက်​ပြီး သူများကို ဒုက္ခ​ပေးဖို့​လောက်​ဘဲ ​ချောင်း​နေသည်​။

*​ဟေ့ ​ဆေး​ပေးအုံး*

*​ရော့ သိပ်​အများကြီးမသုံးနဲ့ မဟုတ်​ရင်​ တကယ့်​ပွဲ​နေ့ကျမှ ဂိ​နေမယ်​။*

*​အေး​ဆေး ​ဟျောင့်​*

ကားထဲတွင်​ ကား​မောင်းသူက ​မောင်း။ ​ဆေးအရှိန်​နဲ့ ​မှေး​နေသူက ​မှေးလို့ ဟုတ်​​နေတာဘဲ။

*သား*

ရဲ​နောင်​ အခန်းထဲမှာ က​လေးနဲ့ အတူတွဲရိုက်​ထားတဲ့ ဓာတ်​ပုံ​တွေ ကြည့်​ပြီး ငို​နေတုန်း အခန်းထဲ ၀င်​လာတဲ့ ​Papa။ မျက်​ရည်​​တွေကို အလျင်​အမြန်​သုတ်​လိုက်​ပြီး

*​Papa*

စားပွဲခုံ​ပေါ်က ဓာတ်​ပုံ​လေးကို ဦးရဲထွဋ်​​ခေါင်​ တစ်​ချက်​ကြည့်​လိုက်​ပြီး

*သား သူ့ကို သိပ်​ချစ်​တာဘဲလား။*

*ချစ်​တာထက်​ကို ပိုတယ်​​Papa.*

အမုန်းအမည်​မတွင်​​သော အချစ်​ {Completed}Where stories live. Discover now