Episode 1
A Royal Love Story
____________________Sarara ဆိုတဲ့နိုင်ငံလေးက အခုချိန်ထိတော်ဝင်မိသားစုကပဲ ထီးနန်းစိုးစံနေကြ
ဆဲ ရှေးအစဥ်လာတွေလက်ခံနေကြဆဲ
တစ်သီးတသန့်ဆန်နေဆဲသူတို့နိုင်ငံက နိုင်ငံငယ်လေးပါပဲ လူဦးရေလည်း သန်း ဆယ်ဂဏန်းပြည့်ရုံနီးပါးလောက်ဆိုတော့ သိပ်မများဘူးပေါ့ ရေမြေ
တောတောင်သဘာဝကိုထိန်းသိမ်းတတ်တဲ့အပြင် ယဉ်ကျေးမှု အစဥ်အလာထိန်းသိမ်းလွန်းတဲ့ တော်ဝင်မိသားစုကလည်းသိပ်ကိုသစ္စာရှိလွန်းတယ်အခုချိန်ထိ ပြည်သူတိုင်းက တော်ဝင်မိသားစုကို လေးစားချစ်ခင်နေတာကြောင့် 18ဆက်မြောက်ဘုရင်အထိ အာဏာတည်မြဲနေတုန်းပဲ လက်ရှိ Jenဘုရင်မင်းမြတ်ဟာလည်း ဖြောင့်မတ်လွန်းတယ်လို့ ကျော်ကြားပါတယ်
ဒါပေမဲ့ သူ့ရဲ့ကျော်ကြားမှုတွေက သူ့သားတော် မင်းသားKrisကိုတော့ မမှီရှာပါဘူး
အရပ်ခပ်ရှည်ရှည် အသားရည်ဝင်းလက်တာချင်းတူပေမဲ့ ပိုမိုချောမောလွန်းပြီး စူးရှတဲ့ အကြည့်နဲ့ ဉာဏ်ပညာထက်မြတ်မှုတွေကြောင့်
လူအများရဲ့အာရုံကိုဖမ်းစားထားသူပါဒီတိုင်းပြည်ရဲ့ မိန်းမပျိုတိုင်းက လက်ရှိ
မိဖုရားအရာအထိ မလိုချင်ကြပေမဲ့
မိန်းမပျိုတိုင်းကတော့ မင်းသားရဲ့ကြင်ယာတော်ဖြစ်ဖို့အထိကိုပဲ အိပ်မက်မက်ဖူးကြပါလိမ့်မယ်ဘာလို့လဲဆိုတော့ သူကအိမ်ရှေ့စံဘွဲ့ခံယူထားပြီးအချိန်တန် ထီးနန်းမွေဆက်ခံရမဲ့သူလည်းဖြစ်နေတာကိုး
လောလောဆယ်တော့ မင်းသား Kris ဟာ တော်ဝင်တက္ကသိုလ်မှာ သူချစ်တဲ့ သူငယ်ချင်းတွေနဲ့ပညာသင်ကြားနေရဆဲပါ
ဒီဇာတ်လမ်းအစက.........
" မင်းသား နောက်တစ်ပတ် ခရီးစဉ် လိုက်ဖြစ်မှာလား "
သူငယ်ချင်းဖြစ်သူ Yixing အမေးကြောင့်
" နန်းတော်မပြန်ဖြစ်ဘူးဆိုတော့ သွားဖြစ်မယ်လေ "
" ဒါဆို ကျနော့် သူငယ်ချင်းတစ်ယောက်ကိုပါ အဖွဲ့ထဲထည့်
ရင်မင်းသားအဆင်ပြေပါ့မလား "