ep - 3

1.5K 101 4
                                    

A Royal Love Story

မကြာခင် ကျောင်းအားလပ်ရက်လဲ ရတော့မယ်
ကျောင်းဝင်းထဲမှာတောင် တွေ့ဆုံချိန်နည်းပါးလွန်းတဲ့
စုံတွဲအတွက်ကတော့ ခေတ္တခွဲခွာရဦးမှာပေါ့

" kris ဒီတခေါက်ရော ချက်ချင်းနန်းတော်ပြန်မှာလား "

" ငါတနေရာသွားစရာရှိသေးလို့ နောက်ရက်မှပြန်ဖြစ်မယ် "

" ဘယ်လိုဖြစ်တာလဲ အစက  ညီတော်နဲ့
ဆော့ဖို့ပြန်ရမယ်ဆို "

" အရေးကြီးကိစ္စမို့လေ နန်းတော်ကိုလဲ အကြောင်း
ကြားထားပြီးပြီ "

" ဒါဆို ငါတော့ အဖော်မလုပ်ပေးနိုင်တော့ဘူးနော်
အိမ်ပြန်မှဖြစ်မယ် "

" ရပါတယ်ကွာ မင်းအလုပ်တွေဒီလောက်များတာ
ပြန်ရမှာပေါ့ "

" Su နဲ့အတူပြန်မှာလေ "

" O.o "

" ဒါပေမဲ့ ငါ့ကိုပြန်နှင့်တဲ့ မရောက်ဖူးသေးတဲ့
နေရာတွေလည်ပတ်ချင်ပုံပဲ "

" AWw ဟုတ်လား "

ကျနော်နဲ့ Su ချိန်းတွေ့ဖို့ စီစဉ်ပြီးသားလေ
မတွေ့ရမဲ့နေ့တွေအတွက် အမှတ်တရလေး
တွေဖန်တီးရင်းပေါ့
တောင်းပန်ပါတယ် yixing ငါတို့တွဲ
နေတာမင်းသိလို့မဖြစ်လို့ပါ

***************

" မင်းသား   မနက်ဖြန်အပြင်မှာတစ်ကယ်
တွေ့ရမှာပါနော် "

" ဒါပေါ့ ကိုယ်တို့အတွက် ပထမဆုံးချိန်းတွေ့
ရမဲ့နေ့ပဲ  ကိုယ် နောက်မကျစေရဘူး "

" ရပါတယ် မင်းသားမလာမချင်း ကျနော်စောင့်နေမှာပါ "

" ချိန်းမတွေ့ခင် အခေါ်ဝေါ်လေးပြောင်းရအောင်
မင်းသားတွေ အိမ်ရှေ့စံတွေ ဘာတွေမဟုတ်ဘဲ
တခြားအသုံးနှုန်းပြောင်းကြည့်ပါလား "

" ဗျာ  ဒါဆိုဘယ်လိုခေါ်ရမှာလဲ မင်းသားသင်ပေးပါ "

" ကိုယ့်ကို ကို လို့ခေါ်လေ ဒါဆို ပိုရင်းနှီးပြီး
နွေးထွေးတယ်လို့ခံစားရမယ်ထင်တယ် "

A Royal Love Story (Z&U)Where stories live. Discover now