Episode 18
A Royal Love Story
''''' ''''' ''''' ''''' ''''' '''' ''''ကျနော့်ရဲ့ဘုရင်လေး ကျနော့်ကိုစိတ်ပူ
အောင်သိပ်လုပ်တယ်သူ့အတွက်က တိုင်းပြည်ရေးရာတွေပဲ
အရေးကြီးဆုံးဖြစ်နေပေမဲ့ကျနော့်အတွက်ကတော့ သူ့ကျန်းမာရေးကသာအရေးကြီးဆုံးပါ
" Dae ကိုယ်မနေ့က ခွဲစိတ်ဆရာဝန်ကြီးနဲ့သွားတွေ့ဖြစ်တယ် အခုချိန်ကခွဲစိတ်ဖို့သင့်လျော်နေပြီတဲ့ "
" ဟူးး နောက်မှပြောလို့မရဘူးလား အခုDaeတော်တော်စိတ်ရှုပ်နေတယ် "
ဟုတ်မှာပါလေ မနေ့ကချစ်သူကောင်လေးနှစ်ယောက်ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်မလား ဒီပြည်နယ်မှာ အတော်လေးကိုခွဲခြားဆက်ဆံခဲ့တာတွေကြောင့်ပေါ့ ဒါပေမဲ့ တစ်ချို့ကတော့ သူတို့အခွင့်ရေးတွက် တောင်းဆိုလာကြပြီ
" တောင်းဆိုမှုတွေကြောင့်လား သူတို့တွေကိုနားလည်ပေးလိုက်လို့ရမလား စည်းကမ်း
နည်းနည်းဖြေလျော့ပေးလိုက်ရင် ရပြီပဲလေ "" ဘယ်လိုနားလည်ပေးရမှာလဲ ဘယ်လောက်ပဲတိုးတက်လာပါစေ ဒီလိုကိစ္စကိုတော့ ခွင့်မပြုပေးနိုင်ဘူး အခုတော်ဝင်မိသားစုတွေပါ
ပတ်သက်လာကြပြီ Daeသူတို့ကိုဝင်မပါစေချင်ဘူး သူတို့အခြေနေကိုပိုဆိုးရွားစေတော့
မယ် "" ကျနော့်သဘောကတော့ ဒီကိစ္စမှာပြတ်ပြတ်သားသားနဲ့တခြားသူတွေရဲ့အာဏာကိုမှေးမှန်အောင် လုပ်ပြသင့်တယ် Daeကဘုရင်ပါ ဆွေမျိုးတော်တွေရဲ့ချုပ်ကိုင်မှုကိုမခံပါနဲ့
အရှိန်ဝါကိုထုတ်သုံးဖို့ကျရောက်လာပြီ "" ဒါပေမဲ့ ဒါကြီးကိုတော့ "
" Dae လူသားချင်းချစ်တာ ရှက်စရာမဟုတ်ဘူးနော် "
" တခြားသူတွေကိုတော့ ထိခိုက်စေတယ်မလား "
" နောက်မှထပ်ဆွေးနွေးရအောင် ကိုယ်
စကားမများချင်ဘူး "********* ********* ********
" အာာား စိတ်ကုန်တယ် သူတို့အချစ်ကဘာမို့လို့အရှက်မရှိနန်းတော်ရှေ့မှာလာတောင်းဆိုနေကြတာလဲ အချစ် အချစ် အချစ် တခြား
လုပ်စရာအလုပ်မရှိကြဘူးလား "