ep - 14

1K 105 6
                                    

A Royal Love Story
• • • • • • • • • • • • • •

အခမ်းနားတွေတက်ပြီး မိန့်ခွန်းဟောပြောနေရပေမဲ့
ကျနော့်ရဲ့ပူပန်မှုတွေကို ချုပ်ထိန်းထားလို့မရဘူး
မနေ့ကထဲက Suပျောက်နေတာလေ ဘယ်ကို
ရောက်နေမှန်း မမှန်းဆတတ်တော့ဘူး
ဘုရာကျောင်းငယ်လေးမှာတောင် လက်ထပ်ဖို့
စီစဉ်ပြီးနေပြီ

" အရှင်အဆင်ပြေရဲ့လား ခဏနားရအောင်လေ "

" Suဘယ်ရောက်နေလဲမသိဘူး Xing "

" aww!  ဟုတ်လား "

" ငါSuကိုစိတ်ပူတယ် မင်းရှာပေးနိုင်မလား "

ဘယ်လိုကံတရားမျိုးလဲ တစ်ယောက်ကဖွက်ခိုင်းထားပြီး
တစ်ယောက်ကပြန်ရှာခိုင်းနေတော့…… အချစ်တစ်ခုက
ဒီလောက်ရှုပ်ထွေးစရာလိုလို့လား ဒါဆို ငါ့အချစ်တွေလည်း
သက်ဆိုင်သူ မသိအောင် ဆက်သိမ်းထားသင့်ပြီပေါ့နော်

" ဖြေလေ Xing "

" အောာ်   ရှာပေးပါ့မယ် စိတ်မပူပါနဲ့ "

***   ****     ****  ****   ***

မင်းသားငယ်အမိန့်တိုင်း Suhoကို လူမနေတာ
ကြာပြီဖြစ်တဲ့ အိမ်ဟောင်းမှာ ထိန်းသိမ်းထားခဲ့တယ်
Suhoကတော့ အံ့သြနေရောပေါ့

မအံ့သြပါနဲ့ ကိုယ်ချစ်တဲ့သူကို ဖွင့်ပြောခွင့်မရှိရင်တောင်
သူ့လိုအပ်ချက်တွေဖြည့်ဆည်းပေးရင်းနဲ့ အသုံးဝင်တဲ့သူ
တစ်ယောက် ဖြစ်ချင်မိတယ်

" Mianhae Suho "

" ဘယ်လိုလုပ်လိုက်တာလဲ Xingရယ်  မင်းကအမြဲ
ဖြောင့်မတ်တဲ့သူမလား ဘာလို့ငါ့ကိုရက်စက်ရတာလဲ "

" မင်းတို့ကိုတကယ်မျက်နှာမပြရဲတော့ပါဘူး
ဒီဇာတ်လမ်းက ငါမစခဲ့သင့်တာ "

" ငါ့ကိုပြန်လွှတ်ပေးလို့ရမလား အရှင်စိတ်ပူနေလောက်ပြီ
မင်းအဲ့လောက်မရက်စက်ပါနဲ့ ငါ့ကိုဖမ်းထားတော့ရော
ဘာထူးမှာလဲ "

" မထူးပါဘူး ငါသိပါတယ် မင်းနဲ့krisရဲ့အချစ်က
တားဆီးဖို့ခက်သွားပြီ အချိန်တန်ရင် မင်းလက်ကိုတွဲပြီး
အတူထွက်သွားမှာ သေချာပါတယ် "

" ဒါနဲ့များ  ဘာလို့ "

" ခဏရှောင်နေတယ်လို့သဘောထားလိုက်ပါ
ငါတကယ်စိတ်မကောင်းပါဘူး "

A Royal Love Story (Z&U)Where stories live. Discover now