Episode 14
A Royal Love Story
အခမ်းနားတွေတက်ပြီး မိန့်ခွန်းဟောပြောနေရပေမဲ့ Krisသူရဲ့ပူပန်မှုတွေကို ချုပ်ထိန်းထားလို့မရဘူး မနေ့ကထဲက Suပျောက်နေတာလေ ဘယ်ရောက်နေမှန်း သူမမှန်းဆတတ်တော့ပါ
ဘုရားကျောင်းငယ်လေးမှာတောင် လက်ထပ်ဖို့စီစဉ်ပြီးနေပြီ ဘုရင်မင်းမြတ်ဟာ ချစ်ရသူ
ရဲ့လက်ကိုတွဲဖို့ ဘာမဆိုအသင့်ဖြစ်လျက်" အရှင်အဆင်ပြေရဲ့လား ခဏနားရအောင်လေ "
" Suဘယ်ရောက်နေလဲမသိဘူး Xing "
" အော် "
" ငါSuကိုစိတ်ပူတယ် မင်းရှာပေးနိုင််မလား "
ဘယ်လိုကံတရားမျိုးလဲ တစ်ယောက်ကဖွက်ခိုင်းထားပြီးတစ်ယောက်ကပြန်ရှာခိုင်းနေတော့ အချစ်ကဒီလောက်ရှုပ်ထွေးစရာလိုလို့လား ဒါဆို သူ့အချစ်တွေကိုလည်း
သက်ဆိုင်သူ မသိအောင် ဆက်သိမ်းထားသင့်ပြီပေါ့နော်" ဖြေလေ Xing "
" အောာ် ရှာပေးပါ့မယ် စိတ်မပူပါနဲ့
သူအနားယူနေတာဖြစ်မယ် "***
****
**** *
*** ***
မင်းသားငယ်အမိန့်တိုင်း Suhoကို လူမနေတာကြာပြီဖြစ်တဲ့ အိမ်ဟောင်းမှာ ထိန်းသိမ်းထားခဲ့တယ် Suhoကေတာ့ အံ့သြနေရောပေါ့
မအံ့သြပါနဲ့ ကိုယ်ချစ်တဲ့သူကို ဖွင့်ပြောခွင့်မရှိရင်တောင်သူ့လိုအပ်ချက်တွေဖြည့်ဆည်းပေးရင်းနဲ့ အသုံးဝင်တဲ့သူတစ်ယောက် ဖြစ်ချင်မိတာ နောက်ဆုံးသောဆန္ဒပါ
" Suတောင်းပန်ပါတယ် "
" ဘယ်လိုလုပ်ရက်တာလဲXingရယ် မင်းကအမြဲဖြောင့်မတ်တဲ့သူမလား ဘာလို့ငါ့ကိုရက်စက်ရတာလဲ "
" မင်းတို့ကိုတကယ်မျက်နှာမပြရဲတော့ပါဘူး
ဒီဇာတ်လမ်းက ငါမစခဲ့သင့်တာ "" ငါ့ကိုပြန်လွှတ်ပေးလို့ရမလား အရှင်စိတ်ပူနေလောက်ပြီမင်းအဲ့လောက်မရက်စက်ပါနဲ့ ငါ့ကိုဖမ်းထားတော့ရော ဘာထူးမှာလဲ "
" မထူးပါဘူး ငါသိပါတယ် မင်းနဲ့Krisရဲ့အချစ်က တားဆီးဖို့ခက်သွားပြီ အချိန်တန်ရင် မင်းလက်ကိုတွဲပြီး
အတူထွက်သွားမယ်ဆိုတာ သေချာပါတယ် "