unicode

148 9 0
                                    

episode 3

A Royal Love Story
___________________

မကြာခင် ကျောင်းအားလပ်ရက်လည်း ရတော့မယ် ကျောင်းဝင်းထဲမှာတောင် တွေ့ဆုံချိန်နည်းပါးလွန်းတဲ့ စုံတွဲတွေအတွက်ကတော့ ခွဲခွာရဦးမှာပေါ့

" Kris ဒီတခေါက်ရော ချက်ချင်းနန်းတော်ပြန်မှာလား "

" ငါတနေရာသွားစရာရှိသေးလို့ နောက်ရက်မှပြန်ဖြစ်မယ် "

" ဘယ်လိုဖြစ်တာလဲ အစက ညီတော်နဲ့
ဆော့ဖို့ပြန်ရမယ်ဆို "

" အရေးကြီးကိစ္စမို့လေ နန်းတော်ကိုလဲ အကြောင်း
ကြားထားပြီးပြီ "

" ဒါဆို ငါတော့ အဖော်မလုပ်ပေးနိုင်တော့ဘူးနော် အိမ်ပြန်မှဖြစ်မယ် "

" ရပါတယ် မင်းအလုပ်တွေဒီလောက်များတာပြန်ရမှာပေါ့ "

" Su နဲ့အတူပြန်မှာလေ "

"  "

" ဒါပေမဲ့ ငါ့ကိုပြန်နှင့်တဲ့ မရောက်ဖူးသေးတဲ့
နေရာတွေလည်ပတ်ချင်ပုံပဲ "

" AWw ဟုတ်လား "

ကျနော်နဲ့ Su ချိန်းတွေ့ဖို့ စီစဉ်ပြီးသားလေ
မတွေ့ရမဲ့နေ့တွေအတွက် အမှတ်တရလေး
တွေဖန်တီးရင်းပေါ့
တောင်းပန်ပါတယ် Yixing ငါတို့တွဲ
နေတာမင်းသိလို့မဖြစ်လို့ပါ

****

******

********

" မင်းသား မနက်ဖြန်အပြင်မှာတစ်ကယ်
တွေ့ရမှာပါနော် "

" ဒါပေါ့ ကိုယ်တို့အတွက် ပထမဆုံးချိန်းတွေ့
ရမဲ့နေ့ပဲ ကိုယ် နောက်မကျစေရဘူး "

" ရပါတယ် မင်းသားမလာမချင်း ကျနော်စောင့်နေမှာပါ "

" ချိန်းမတွေ့ခင် အခေါ်ဝေါ်လေးပြောင်းရအောင်မင်းသားတွေ အိမ်ရှေ့စံတွေ ဘာတွေမဟုတ်ဘဲ
တခြားအသုံးနှုန်းပြောင်းကြည့်ပါလား "

" ဗျာ ဒါဆိုဘယ်လိုခေါ်ရမှာလဲ မင်းသားသင်ပေးပါ "

" ကိုယ့်ကို ကို လို့ခေါ်လေ ဒါဆို ပိုရင်းနှီးပြီး
နွေးထွေးတယ်လို့ခံစားရမယ်ထင်တယ် "

" အာာ အဲ့လိုခေါ်တာက မိန်းကလေးတွေခေါ်တာမလား "

" ဘယ်သူကမှအဲ့လိုမကန့်သတ်ထားပါဘူး
နောက်ဆိုအဆင်ပြေသွားမှာပါ ခေါ်ကြည့် "

A Royal Love Story (Z&U)Where stories live. Discover now