A Royal Love Story
*-*-*-*-*-*-*-*-*-*-*-*-*မနေ့ကချိန်းထားတဲ့အတိုင်း Suho ဆီအရောက်မသွားနိုင်ခဲ့တဲ့အတွက် ကျနော်အတော်လေးစိတ်မကောင်းဖြစ်ရပါတယ်
ချစ်သူ့အမုန်းကိုလက်မခံချင်ပေမဲ့
ငယ်ရွယ်တဲ့ညီတော်လေး အသည်းသန်
ဖျားနာနေတော့လဲ မတတ်နိုင်ဘူးပေါ့လေအတွေးတွေချာချာလည်နေတာ ကလေးနိုးနေတာတောင်သတိမထားမိခဲ့ဘူး
အသံပေးတော့မှ" အကိုတော် "
" ဟင် Daeလေး နိုးလာပြီလား "
" :'( အင့် ဟင့် ဟင့် အီးးဟီးးးးး "
" ဘာလို့လဲ Daeလေးရဲ့ မနေ့ကငိုထားတာလဲ
မျက်လုံးတွေ အစ်နေပြီ နှာထိပ်လေးလဲရဲလို့
တော်တော့နော် "" မင်းကြီးနဲ့ ဖိဖုရားကြီးကိုမုန်းတယ် ဗြဲ "
" ခမည်းတော်နဲ့မယ်တော့်ကို ဘယ်လိုများပြောလိုက်တာလဲ အပြစ်ပေးမှာ မကြောက်ဘူးလား "
" မကြောက်ပါဘူး အကိုတော်ရှိတာပဲ "
" အကိုတော်က အရှင်မင်းကြီးကိုဘယ်နိုင်လိမ့်မလဲ "
" အကိုတော်က ခမည်းတော်မရှိရင် ဘုရင်ဖြစ်မှာလေ
ဒါဆိုအမြင့်ဆုံးပေါ့ဟုတ်ဘူးလား :) "" ဘုရင်တဲ့လား အကိုတော် ဘုရင်မလုပ်ချင်ဘူး
သာမန်ဘဝလေးထဲမှာ ကိုယ်ချစ်တဲ့သူနဲ့……"" အီးးးးဟီးးးးဗြဲ အကိုတော်ဘုရင်လုပ်ရမယ်
ဘုရင်လုပ်ရမယ် Daeကဘုရင့်ညီတော်ဖြစ်ချင်တာ "ဘာမှမသိတဲ့ကလေးလေးကို ငိုအောင်လုပ်မိပြန်ပြီ
သူလေးငိုတာကိုတော့ ကျနော်တကယ်မခံစားနိုင်ပါ" ဟုတ်ပါပြီကွာ ဘုရင်လုပ်မယ်ဟုတ်ပြီလား ဒါမှ
ငါ့ညီတော်လေးကို ခမည်းတော်အပြစ်မပေးရဲမှာ "" :D အဟိ အကိုတော်ကဘုရင်နေရာနဲ့
အလိုက်ဖက်ဆုံးပဲ "