Episode 15
A Royal Love Story
|\|\|\|\|\|\|\|\|\||\Daeခံစားနေရတာအကိုတော်သိတယ်
ဒါပေမဲ့ မကြာခင်ကုစားနိုင်မှာကိုလည်း
သေချာပေါက်သိတယ် Suနဲ့ခွဲရရင်တော့
အစ်ကိုတော်ခံစားရတဲ့ဝေဒနာကို
ဘာနဲ့မှကုသနိုင်မယ်မထင်ဘူး" Dae အကိုတော်သွားမယ် "
" "
" တစ်ခါလောက်ထွက်တွေ့ပေးလို့မရဘူးလား
Daeနဲ့နောက်ဆို တွေ့ဖို့မဖြစ်နိုင်တော့ဘူးလေ "" အကိုတော် Suhoကိုရွေးချယ်ပြီးကတည်း
က daeနဲ့တွေ့စရာမလိုတော့ဘူး အကိုတော်ပစ်ပယ်ထားပြီးပြီပဲ "" ဒါဆို အစ်ကိုတော်သွားမယ် daeနန်းတက်ပွဲကိုစောင့်ကြည့်နေမှာမို့ အကောင်းဆုံးပြင်ဆင်တော့နော် daeက အကိုတော့်အတွက် အချစ်ရဆုံးညီလေးပါ ဒါကိုတော့ ရင်ထဲမှာအကြိမ်ကြိမ်မှတ်ထားပေး "
ဒီတစ်ခါ daeတစ်ကယ်ပဲ စိတ်နာကျည်းပြီး
ထွက်တောင်မတွေ့တော့ပါ သူ့ဘဝရဲ့အရေး
ပါဆုံးသောအစ်ကိုတော်ကိုပေါ့စိတ်မကောင်းပါဘူး daeစိတ်ပြေတဲ့အထိ
မစောင့်နိုင်တော့လို့" အရှင် တကယ်ပဲသွားတော့မှာပေါ့ "
" Daeကိုမင်းစောင့်ရှောက်မယ်မဟုတ်လား "
" သူ့အနားတောင်အကပ်မခံတော့ ကျနော်အလုပ်ထွက်မှဖြစ်မှာပေါ့ စိတ်ရှုပ်အောင်မလုပ်ချင်ဘူး ဆရာတစ်ယောက်အနေနဲ့ပါဝင်
ပတ်သက်ခွင့်က အတိုင်းတာကိုကျော်လွန်နေ
ပြီလေ "" ငါအခုမင်းအတွက်ဘုရင်ဖြစ်နေသေးလား Xing "
" ဖြစ်နေဆဲပါပဲ "
" ဒါဆိုနောက်ဆုံးအနေနဲ့တောင်းဆိုပါရစေ Daeအနားမှာအရင်လိုဆက်နေပေးပါ "
" ကောင်းပါပြီ အရှင်စိတ်ချပါ အခုချိန်ကစပြီး Suhoနဲ့အတူပျော်ရွှင်စွာနေပါတော့ "
" Xing မင်းကငါ့အတွက် အစားထပ်မရနိုင်တော့တဲ့ သူငယ်ချင်းကောင်းပါ "
" အရှင်ကလည်း ဘုရင်ကောင်းတစ်ပါးဖြစ်ခဲ့ပါတယ် "
****
****
****
**** ****
" မင်းသားငယ် နန်းတက်ပွဲအထိန်းမှတ်လက်မှတ်ထိုးရပါမယ် "