unicode

92 7 0
                                    

Episode 9

A ROYAL LOVE STORY

တိတ်ဆိတ်နေတဲ့ နန်းတော်ရဲ့တစ်နေရာမှာ
စာအုပ်ဖတ်နေတဲ့ကောင်လေးကို
နဘေးကကောင်လေးတစ်ယောက်က
တစိမ့်စိမ့်ကြည့်ရှုလျက်~~~~

" Su ကိုယ့်ကို ကြည့်နေတာ
ပေါက်ထွက်တော့မယ် "

" အမ် ဘယ်လိုလုပ်သိလဲ
စာအုပ်ဖတ်နေပြီးတော့ "

" ကိုယ်တို့နှစ်ယောက်ရဲ့စိတ်စွမ်းအင်က
သာမန်လား suရဲ့ "

"  ဘာပဲဖြစ်ဖြစ်နှောက်ယှက်မိပြီ
ကျနော့်ကိုသွားခွင့်ပြုပါ "

" ဘယ်သွားမှာလဲ ဒီကိုလာ "

" အ!! "

ထထွက်သွားတော့မဲ့ suho လက်ကို
အတင်းထဆွဲပြီး မွေ့ယာပေါ်လှဲအိပ်စေလိုက်တော့ လန့်သွားပုံရတယ်

ပြီးတော့မှသိမ်းကျုံးပြီးရင်ခွင်ထဲထည့်ထားလိုက်ကာ ဂုတ်သားနုနုကိုနမ်းရှိုက်လိုက်တယ်

" ဒီလိုလေးခဏနားရအောင် "

" ဘယ်သင့်တော်ပါ့မလဲ ကျနော့်ကိုတော့
မရိပ်မိအောင်နေခိုင်းပြီးတော့ "

" အဲ့ဒါကြောင့် မင်းကိုအနားမခေါ်ထားတာပေါ့ ကို စိတ်မထိန်းနိုင်တာမင်းမသိဘူးလား
Grr! ကိုက်စားပစ်လိုက်မယ် "

" ဆော့မနေနဲ့ တော်ကြာတယောက်ယောက်
တွေ့သွားရင် "

" 12နာရီလေ အကုန်အိပ်ကုန်ပြီ "

ဒါပေမဲ့တစ်ယောက်ကိုတော့မေ့သွားမိတယ်
အိပ်ချိန်အကန့်သတ်မရှိ စည်းမျဥ်းဆိုတာ
တွေကိုလည်းဂရုမစိုက်တတ်တဲ့ သူကိုပေါ့

" အစ်ကိုတော် အစ်ကိုတော်
daeခဏဝင်လာမယ်နော် "

" မင်းသားငယ်!!"

Suhoလဲအတင်းပြန်ထပြီး
အချိန်မီအမူယာ ထိန်းကာ

" ဟဲ ဟဲ အကိုတော်လည်းမအိပ်သေးဘူးဘဲ
အလုပ်မပြီးသေးဘူးလား "

" Dae တံခါးခေါက်ဖို့ပြောတာ
ဘယ်နှခါရှိပြီလဲ ရိုင်းတဲ့အပြုမူတွေဖျောက်
စမ်း "

" ဟွန့် အရင်ကလည်းဒီလိုဝင်တာပဲကို
တံခါးခေါက်ရတာတောင် အချိန်ကုန်သေး
ဖြစ်နိုင်ရင် တံခါးပါဖြုတ်ထားချင်တာ "

A Royal Love Story (Z&U)Where stories live. Discover now