A Royal Love Story
=================နန်းတော်ထဲပြန်ရောက်တာနဲ့
ကျနော့်တွက်တာဝန်တွေကများပြား
လွန်းပါတယ် ကျန်းမာရေး မကောင်းတဲ့
ခမည်းတော်ရဲ့ တာဝန်တွေကိုခွဲယူရပြီးညီဖြစ်
တဲ့ မင်းသားငယ်ကိုလည်းအချိန်အတော်လေးပေး
ရပါသေးတယ် အခုလည်း……" ဆရာကြီးဘာဖြစ်ကြတာလဲ "
" အရှင့်သား ကျနော်မျိုးမင်းသားငယ်
အကြောင်းပြောခွင့်ပြုပါ "" ဟုတ်ကဲ့ဆရာကြီးပြောလို့ရပါတယ် "
" မင်းသားငယ်ကစာသင်လဲစိတ်မဝင်စား
သလို ပေးထားသမျှစာလဲမလုပ်ပါဘူး
ကြာတော့ကျနော်မျိုးစိတ်မရှည်နိုင်တော့လို့
မင်းသားကို အကြောင်းကြားခိုင်းလိုက်တာပါ "" Daeလေး ဘာလို့လဲ ဆရာကြီးစကား
နားထောင်ရမယ်လေ "" ………"
" မင်းသားကိုကျနော်တောင်းဆိုထားတာလဲ
ကြာပြီ မင်းသားငယ်က
ကျနော်အပြစ်ပေးခွင့်မရှိတော့ လုံးဝမကြောက်ပါဘူး
ကျနော့်ကိုကိုယ်ပိုင်ဆုံးမခွင့်ပေးပါ "" ကလေးကငယ်ပါသေးတယ်
ဆရာကြီးအရမ်းမတင်းကျပ်ပါနဲ့
ဒီနေ့တော့ဆရာကြီးလဲ ပင်ပန်းနေပြီနားပါတော့
ညီတော့်ကိုကျနော်ဆုံးမပေးပါ့မယ် "ဆရာထွက်သွားတော့မှ ပြူတင်းပေါက်ကနေ
အပြင်ကိုပဲငေးကြည့်နေတဲ့ daeကြောင့်
စိတ်တော့မကောင်းပါ" Daeလေး အကိုတော်ကိုကြည့်ပါဦး
ဒီနေ့ဆရာ့ကိုဘာလို့အရမ်းဒေါသထွက်အောင်
လုပ်ရတာလဲ ပြောလေ "" အကိုတော်ကလာမှမတွေ့တာ "
" အကိုတော်ကအရမ်းအလုပ်များတယ်လေ
ဒီကြားထဲ Daeကပြဿနာတစ်ခုပြီးတစ်ခု
ရှာနေတော့…… "" Daeကိုမုန်းနေပြီပေါ့ "
" မဟုတ်ပါဘူး အကိုတော်စကားမှားသွားတာ
Daeကဒီလောက်ဥာဏ်ကောင်းပြီး
ချစ်စရာကောင်းတာ
မနက်ဖြန်ကစပြီးဆရာ့စကားသေချာ
နားထောင်တော့နော် "