Episode 20
A Royal Love Story
တစ်ပတ်လောက်ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးတာနဲ့ဘုရင်လေးရဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး ခွဲစိတ်ဖို့ရက်သတ်မှတ်လိုက်တယ်
အခုချိန်မှာ
တုန်ယင်နေတာ Yixingပါ သူလေးကတော့
ခွဲစိတ်ဖို့လာခေါ်တဲ့အထိ စိုးရိမ်ဟန်မပေါ်" အစ်ကို့ လက်တွေအေးစက်နေတာပဲ "
သူဘယ်လိုခေါ်လိုက်တယ်
" ကျနော့်ကို ဘယ်လိုခေါ် "
" အစ်ကို လေ မကြိုက်ဘူးလား "
" မဟုတ်ပါဘူး နောက်ဆုံးတော့ ကျနော့်ကို
အကြီးတစ်ယောက်လို မြင်လာပေးလို့ဝမ်းသာပါတယ် "" အစ်ကို့အတွက်အသက်ရှင်နေပေးမှာပါ "
" ကိုယ်ကြောက်တယ် အရှင့်ကိုယုံပေမဲ့ "
" မကြောက်ပါနဲ့ ကျနော်မသေနိုင်သေးပါဘူး
ကျနော်လုပ်စရာတွေကျန်သေးတယ် "" သိပါတယ် အရှင်ဘယ်လောက်စိတ်ဓာတ်မာလဲဆိုတာသေချာပေါက် ပြန်ကောင်းလာမှာပါ "
" သေသွားရင်တောင် "
" DAE!! "
" ဟော အော်ပြန်ပြီ ဘုရင်ကို "
" အရှင်က မသေနိုင်ပါဘူး အရှင်ပြန်နိုးထလာတဲ့ပုံကို ကျနော်သေချာပေါက်မြင်ရမှဖြစ်မှာ တကယ်လို့သေသွားရင်လည်း ကျနော်လိုက်လာခဲ့မှာမို့ ဘာမှမပူပါနဲ့ "
" ဘာလို့လဲ ချစ်တာတစ်ခုထဲနဲ့ လိုက်သေရဲတယ်ပေါ့ အချစ်ကဘာမို့လဲ အစ်ကိုတော်
လည်းရူး ကိုယ်ရံတော်Kim လည်းရူး အစ်ကို ကလည်းရူး ဘာလို့အကုန်လုံးရူးနေကြတာလဲ Daeတော့မရူးချင်ဘူး "" ကျနော် ရူးလောက်အောင်ချစ်တယ်
အရှင်က ကျနော်ရူးရလောက်အောင်ချစ်ဖို့
ထိုက်တန်တယ်လေ အရှင်အမြဲအထင်သေးတဲ့ အဲ့အချစ်ကို ကျနော်သေချာသိအောင်ပြပေးမှာမို့ ပြန်နိုးထလာပေးပါ "" အချိန်ကျပြီပဲ ခွဲစိတ်ရတော့မယ် စိတ်ချပါ
Daeဘာမှမဖြစ်နိုင်ပါဘူး အိပ်မက်ခဏလောက်မက်ပြီးရင် ပြီးသွားမှာ ဟုတ်တယ်မလား "လဲလျောင်းပြီးပါသွားတဲ့ ဘုရင်လေးလက်ကို
စိတ်မချစွာနဲ့ အသာလွှတ်ပေးလိုက်ရတယ်
တံခါးပိတ်သွားတဲ့ အထိရပ်ကြည့်နေမိပြီး
မွန်းကြပ်လာတော့မှ ထိုင်စောင့်ဖို့ပဲဆုံးဖြတ်ခဲ့တယ် အဲ့လိုစောင့်နေရတဲ့အချိန်က Yixibgဘဝမှာ အကြာရှည်ဆုံးစောင့်ဆိုင်းရခြင်းပါပဲ