DW(1)

33.1K 1.6K 70
                                    

Unicode

မြင်မြင်ချင်းအချစ်ကို သင်ဘယ်လောက်ယုံကြည်ပါသလဲ ??

မြင်မြင်ချင်းအချစ်က လူတစ်ယောက်ကိုအရူးအမူးဖြစ်မိသွားဖို့ လုံလောက်ပါသလား ??? ...

ပုံမှန်လူတစ်ယောက်အတွက်ဆို ပြောရခက်ပေမဲ့ ....ကောင်လေးတစ်ယောက်အတွက်ကတော့ .........

***********************************

(August 13 , 9:30am)

" မင်္ဂလာပါ ဆရာ့နာမည်က ရှောင်းကျန့်ပါ
ကိုယ်က ဆရာရှင်းရဲ့နေရာမှာ တစ်လအစားထိုးတာဝန်ယူသင်ကြားပေးမှာပါ။ အားလုံးပဲ ဒီတစ်လအတွင်းမှာအတူကြိုးစားကြဖို့ ကိုယ်မျှော်လင့်ပါတယ်"

ရှောင်းကျန့်က အကြိမ်ကြိမ်လေ့ကျင့်လာတဲ့ စကားတွေကို ချောချောမွေ့မွေ့ပဲ ပြောထွက်နိုင်ခဲ့တယ် ။ဒီကျောင်းက ကိုယ်ပိုင်အထက်တန်းကျောင်းဖြစ်ပြီး၊ နာမည်ကြီးကျောင်းလဲဖြစ်တာမို့ လူချမ်းသာ သားသမီးများသာတက်ရောက်နိုင်သည်ပင်။ ဒီလိုကျောင်းမျိုးမှာ အလုပ်ဝင်ခွင့်ရဖို့ အင်တာဗျူးတွေအကြိမ်ကြိမ်ဖြေခဲ့ရတယ်။ သူကအလုပ်သင်ဆရာ အနေဖြင့်ခန့်အပ်ခြင်းခံရပြီး အစမ်းခန့်ကာလ ၆လ သူ့ကိုစမ်းသုံးမှာဖြစ်တယ်။

ကံကောင်းသည်ပဲလား ၊ ကံဆိုးသည်ပဲလားတော့မသိ့ သူအလုပ်ဝင်ပြီးတစ်ပတ်ပင်မပြည့်သေး အထက်တန်းနောက်ဆုံးနှစ်တန်းခွဲ (A) မှာ English စာသင်ပေးရဖို့ဖြစ်လာတယ်။ မူလဆရာက အစာအိမ်ရောဂါနှင့်အရေးပေါ်ခွဲစိတ်လိုက်ရပြီး ခွင့်တစ်လယူသွားတာကြောင့် သူ့နေရာမှာရှောင်းကျန့်က အစားထိုးသင်ပေးရမှာဖြစ်တယ်။ သူ့အတွက်တော့ စိန်ခေါ်မှု့တစ်ရပ်ဖြစ်တာမို့ သူအကောင်းဆုံးကြိုးစားဖို့ဆုံးဖြတ်ထားတယ်။ အစမ်းခန့်ဆရာအဖြစ်ကနေ တရားဝင်ဖြစ်ဖို့သူ့အတွက်အရမ်းအရေးကြီးတယ်။ ဒီခေတ်ကြီးမှာ ပညာတတ်တိုင်းလဲ အလုပ်တစ်ခုရဖို့ကမလွယ်တော့ပေ။  ဒီအလုပ်ရတော့ရှောင်းကျန့်အတွက်က ထီပေါက်သလိုပင်။

သူကမိဘမဲ့၊ ဆွေမျိုးမရှိတဲ့တစ်ကောင်ကြွက်တစ်ယောက်ဖြစ်ပြီး ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာသုံးကာ ကုပ်ခြစ်လို့ဘွဲ့လေးတစ်ခုရအောင်ယူနိုင်ခဲ့တယ်။  ကျောင်းပြီးကတည်းက အလုပ်တွေလိုက်ရှာပေမဲ့ အဆင်မပြေခဲ့ပဲ အချိန်ပိုင်းအလုပ်တွေသာလုပ်နေခဲ့ရတယ်။ ခုမှသေချာတဲ့အလုပ်တစ်ခုရတာဖြစ်တာမို့လူငယ်ပီပီတက်ကြွနေမိတယ်။

Devil Wings (Completed)Where stories live. Discover now