DW(22)

9.7K 979 36
                                    

Unicode

"ဝမ်ရိပေါ် ...မင်း ! "

ဒုန်းး ~~~~

ရုတ်တရက် ဓာတ်လှေကားက ရပ်သွားပြီး မီးပါပြတ်သွားတယ်။

"ဘာဖြစ်တာလဲ ?? စက်ပျက်တာလား ??? "

ဓာတ်လှေကားမီးက ပြတ်သွားပေမဲ့ အပြင်က အလင်းရောင် ခပ်ဖျော့ဖျော့ကြောင့် တဖြည်းဖြည်းမျက်လုံးကျင့်သားရလာပြီး တစ်ယောက်ကိုတစ်ယောက် ခပ်ဝါးဝါးမြင်ရတယ်။ ဝမ်ရိပေါ်က မျက်မှောင်ကျုံ့လျက်  အ‌ရေးပေါ်ခလုတ်ကိုနှိပ်လိုက်တယ်။ ဘာမှ တုံ့ပြန်မှု့မရှိ။ ရှောင်းကျန့်က တံခါးကိုဆွဲဖွင့်ဖို့ကြိုးစားတယ်။ အားကုန်သုံးပေမဲ့ တံခါးကမပွင့်ဘူး။

ကေဘယ်ကြိုးရဲ့ ပွပ်ဆွဲသံ တကျွီကျွီထွက်ပေါ်လာပြီး ဓာတ်လှေကားက ဖြည်းဖြည်းနိမ့်ကျလာတယ်။ လုံးဝပုံမှန်အခြေအနေမဟုတ်တာ သိသာနေတာကြောင့် နှစ်ယာက်သား ဘာလုပ်လို့လုပ်ရမှန်းမသိတော့။ ဓာတ်လှေကားက တစ်ထပ်စာလောက်ကျသွားပြီး ပြန်ရပ်နေတယ်။ သူတို့အခု ဘယ်အထပ်မှာရှိလောက်မလဲ။

အထပ် ၂၀လား ၂၅လား ....??? ဘယ်လိုဖြစ်ဖြစ် ကြိုးပြတ်သွားရင် သေရမှာပဲ ...

ရှောင်းကျန့်ရဲ့ခေါင်းထဲမှာ ထူပူသွားပြီး သူက သူ့ရဲ့အပေါ်ကုတ်အညိုလေးကို ချွတ်လို့ ရိပေါ်ကိုအုပ်ထားလိုက်တယ်။

"ရိပေါ်... အကယ်လို့  ...ကြိုးပြတ်သွားခဲ့ရင်... အောက်ကို အရှိန်နဲ့ ပြုတ်ကျသွားမှာ... ငါတို့ နှစ်ယောက်လုံး သေရလိမ့်မယ်၊ ငါ မင်းကို အသေမခံနိုင်ဘူး။ ငါ..ငါမင်းကိုကာကွယ်ပေးမယ် ၊ မင်း ငါ့အပေါ်ကိုလဲချလိုက်၊ ငါ့ ခန္တာကိုယ်ကို အကာအဖြစ် အသုံးပြု့ ၊ အဲ့ဒါဆို မင်းကို ထိခိုက်တာ...သက်သာမှာ "

"ဘာလို့လဲ ၊ ကျွန်တော်က ဘာလို့
အသက်ရှင်နေရမှာလဲ .."

"ရိပေါ် !  ဝမ်ရိပေါ် ...ကောစကားကို နားထောင်ပါကွာ၊ ကောရဲ့ကလေးလေးက လိမ်မာပါတယ်..နော်.."

ရှောင်းကျန့်က အကျီနဲ့အလုံထုတ်ထားတဲ့ ဝမ်ရိပေါ်ကို တင်းတင်းဖက်လို့ နဖူးစပ်က ဆံပင်လေးတွေကို နမ်းရှိုက်တယ်။ သူအရမ်းကြောက်နေပြီး အသံတွေလဲတုန်ရီ‌နေကာ စိတ်ပူနေတယ်။

Devil Wings (Completed)Donde viven las historias. Descúbrelo ahora