DW(11)

8.8K 958 45
                                    


Unicode

ဒေါင် ~~~ဒေါင် ~~~~ဒေါင်

" မင်္ဂလာပါ ဆရာ့နာမည်က ရှောင်းကျန့်ပါ
ကိုယ်က ဆရာရှင်းရဲ့နေရာမှာ တစ်လအစားထိုးတာဝန်ယူသင်ကြားပေးမှာပါ။ အားလုံးပဲ ဒီတစ်လအတွင်းမှာအတူကြိုးစားကြဖို့ ကိုယ်မျှော်လင့်ပါတယ်"

သူသေပြီးရင် အားလုံးအဆုံးသတ်သွားပြီလို့ ထင်ခဲ့ပေမဲ့ အော့နှလုံးနာစရာကောင်းတဲ့ တဒေါင်ဒေါင်နာရီသံကြီးနဲ့အတူ 13ရက်နေ့ ၊  ဝမ်ရိပေါ်နဲ့ ပထမဆုံး ဆုံတွေ့ကြတဲ့အချိန်ကို ပြန်ရောက်လာခဲ့ပြန်တယ်။ အကြိမ်ကြိမ် ၊ အခါခါ သူ့ဟာ နည်းအမျိုးမျိုးနဲ့ကြိုးစားထွက်ပြေးခဲ့တယ်။ ဒါပေမဲ့ သူဝမ်ရိပေါ်စီမှာ ပြန်အဖမ်းခံရပြန်တယ် ။ပြီးတော့ သူ ...ထပ်သေရပြန်တယ်။

ခဏခဏသေနေရတာ သူအရမ်းစိတ်ကုန်လာတယ်။ နာကျင်ခံစားပြီး သေရတယ်ဆိုတာ သိပ်ပျော်စရာကောင်းတဲ့ကိစ္စမဟုတ်ဘူး။ အရမ်းကိုနာကျင်တယ် ။သူတကယ် မသေချင်တော့ဘူး။ ဝမ်ရိပေါ်ကိုလဲ တဖြည်းဖြည်းပိုရင်းနှီးလာတယ်။ တွေ့ဆုံရတဲ့ရက်က ၅ရက်ထဲ ဆိုပေမဲ့ အကြိမ်ကြိမ်ဒီ၅ရက်မှာ ပိတ်မိ့နေသောအခါ ....သူ့ရဲ့ကိုယ်သင်းနံ့ ၊ သူ့ရဲ့အထိ့အတွေ့၊  သူဘယ်လိုဆိုစိတ်ဖောက်တတ်တယ် ၊ ဘယ်လိုဆိုနူးညံ့တယ် ၊ သူဘာကိုကြိုက်တတ်တယ် ၊ ဘယ်အကျီအရောင်ကိုဝတ်တတ်တယ်ကအစ မသိချင်လဲသတိပြုမိ့လာရတယ်။

အကြောင်းအရာတွေ တခေါက်နဲ့တခေါက် ရှောင်းကျန့်ရဲ့အပြုအမူမှာလိုက်ပြီး ပြောင်းလဲတတ်တယ်။ ဒါပေမဲ့ ဝမ်ရိပေါ် သူကိုပြန်ဖမ်းမိတာကတော့ မပြောင်းလဲခဲ့ပါဘူး။ သူဒီတစ်ခါမှာ လုံးဝကိုယ်ယောင်ဖျောက်ပြေးဖို့ ဆုံးဖြတ်ခဲ့တယ်။ လုပ်မြဲအတိုင်း ကျောင်းဆရာအလုပ်ကထွက်တယ်။ မုန့်ဇီရီကိုမက်ဆေ့ပို့တယ်။

[ဒီရက်ပိုင်း အိမ်ကိုမလာနဲ့ ၊ တပတ်လောက်ပဲ ။ လုံးဝမလာနဲ့နော်။ ဖုန်းလဲမဆက်နဲ့  ]

မုန့်ဇီရီက ချက်ချင်းဖုန်းခေါ်လာတယ်။

"ဘာမှမဖြစ်ဘူး ခရီးသွားစရာရှိလို့
အရင်တစ်ခါပြောဖူးတယ်လေ "×××" မြို့ မှာ ညီတစ်ယောက်ရှိတယ်လို့ ..သူ့စီသွားလည်မလို့  "

Devil Wings (Completed)Hikayelerin yaşadığı yer. Şimdi keşfedin