DW(2)

13K 1.3K 15
                                    


Unicode

(August 13, 6:15pm )

ရှောင်းကျန့်ရဲ့တိုက်ခန်းလေးက တိုက်ခန်းလို့သာခေါ်ရတယ်။ ဟောင်းနွမ်းအိုမင်းလှပြီ။ လခတလချင်း ပေးလို့ရတာကြောင့် သူဒီနေရာမှာဆက်နေဖြစ်သေးတာ။ ခပ်ကျဉ်းကျဉ်းလမ်းကြားကိုလျောက်လာရင်း တစ်ယောက်ယောက်လိုက်ကြည့်နေသလို ခံစားရပြန်ပြီ။ အနောက်ကိုလှည့်ကြည့်လိုက်တော့ မြင်ကွင်းကအရှင်း ...၊ ကိုယ့်ရဲ့အခန်းရှေ့ရောက်တာနဲ့ သော့ကိုဖွင့်လို့အမြန်ဝင်လိုက်တယ်။ တံခါးကို lock ချပြီး ချောင်းကြည့်ပေါက်အသေးလေးကနေ အပြင်ကိုကြည့်တယ်။ ဘာအရိပ်အယောင်မှ့မတွေ့ ။ သူစိုးရိမ်လွန်နေမိတာပဲ။

ရှောင်းကျန့်က ပေါ့ပါးစွာ ရယ်လိုက်တယ်။ သူ့ရဲ့ကျောပိုးအိတ်လေးကို စာကြည့်စားပွဲဘေးချတယ်။ ပါဝါမပါတဲ့ မျက်မှန်ပုံတုံးတုံးကိုလဲဆွဲချွတ်တယ်။ ရေချိုးအဝတ်အစားလဲလိုက်တယ်။ ညစာအတွက်က မနက်ကကြော်ထားတဲ့ ထမင်းကြော် လက်ကျန်ရှိတယ် ။ကျောက်ခဲအလား‌မာနေလောက်ပြီဆိုပေမဲ့ သူ့ရဲ့ညစာကဒါပဲ။

ဒေါက် ~ဒေါက် ...

ထမင်းပန်းကန်ကိုကိုင်ထားတဲ့ လက်တွေကတုံ့ခနဲရပ်သွားတယ်။

"ဘယ်သူ ...ဘယ်သူလဲ ? "

ဒေါက် ~ဒေါက်

ကျွီ~~~~

"ထင်သားပဲ ထမင်းအကျန်တွေပဲပြန်စားနေမယ်‌ဆိုတာ"

မုန့်ဇီရီက အိမ်ထဲဝင်လာပြီး ထမင်းစားပွဲကိုအကဲခပ်လို့ပြောတယ်။ ရှောင်းကျန့်က အခန်းတံခါးကိုပြန်ပိတ်လိုက်ပြီး ...

"ငါက ရပါတယ် "

"ပြောလိုက်ရင်အဲ့လိုပဲ။ ရပါတယ်။ အဆင်ပြေပါတယ်
ဒါပဲပြောတတ်တယ်..."

မုန့်ဇီရီက ပွစိပွစိပြောလိုက်ပြီး ယူလာတဲ့ ထမင်း၊ဟင်း ဘူးတွေကို စားပွဲမှာနေရာချနေတယ်။

"အတူစားမယ် .."

"အွန်း.."

"အလုပ်ကဘယ်လိုလဲ ဒီနေ့ အတန်းကြီးကိုအစားထိုးဝင်ပေးရတယ်ဆို "

"အင်း အဆင်ပြေတယ်။ စာသင်ရတာလဲအခက်အခဲမရှိဘူး။ ကလေးတွေလဲစကားနားထောင်တယ် "

Devil Wings (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ