DW(14)

8.9K 1K 56
                                    

Unicode

ဝမ်ရိပေါ်လေးရဲ့ ငယ်ဘဝက အရာရာပြီးပြည့်စုံခဲ့တယ်။ တစ်ဦးတည်းသောသားလေးမို့ ဝမ်ပါးနဲ့မားက အရမ်းကို အလိုလိုက်အချစ်ပိုခဲ့ကြတယ်။ အချစ်ခံ ကလေးလေးက အချစ်ခံရတာကိုအရမ်းသဘောကျတာပေါ့ ။ တစ်နေ့မှာတော့ သူတို့ရဲ့မိသားစုလေး ကံဆိုးမိုးမှောင်ကျမဲ့အချိန်ကိုရောက်လာတော့တယ်။

ဝမ်ပါးက ကြည့်ကောင်းပြီးခန့်ညားတဲ့ရုပ်ရည်ရှိတယ် ။ပညာတတ်တယ်။ အလုပ်မှာလဲတော်တယ်။ အရက်သေစာလဲ မသောက်စားတတ်ဘူး။ သူ့မှာ အားနည်းချက်က တစ်ခုပဲရှိတယ်။ အဲ့ဒါက အရမ်းသဝန်တိုစိတ်ကြီးလွန်း ၊ ဒေါသကြီးလွန်းတာပဲ။ တခုသော ညမှာတော့ ဝမ်ပါးနဲ့မားက ပါတီပွဲတစ်ခုကအိမ်ပြန်လာတယ်။ ဝမ်ပါးက ပစ္စည်းတွေကိုရိုက်ခွဲဖျက်စီးတယ်။ စွပ်စွပ်စွဲစွဲစကားတွေပြောတယ်။ လင်မယားနှစ်ယောက်က အကြီးအကျယ်ရန်ဖြစ်ကြတယ်။

ဆူညံသံတွေကြောင့် ၈နှစ်အရွယ် ဝမ်ရိပေါ်လေးက အိပ်နေရာမှ့ ထလာပြီး မိဘတွေအခန်းစီသွားတယ်။ အိမ်အကူတွေ နဲ့ ခြံစောင့်ကပါ အိမ်ပေါ်တက်လာကြတယ်။ အခန်းထဲရောက်တော့ အခြေအနေက တော်တော်ဆိုးနေပြီ။ ဝမ်သခင်ကြီးက အက်စစ်ပုလင်းကိုကိုင်လို့ ဝမ်သခင်မ့ကြီးရဲ့မျက်နှာကိုလောင်းချဖို့လုပ်နေတယ်။

"ဒီမျက်နှာက သိပ်လှနေလို့ ခုလိုဖြစ်ရတာ
မင်းမျက်နှာကို ဖျက်စီးပြစ်ရမယ် !!!"

"မလုပ်ပါနဲ့ ၊ မလုပ်ကြပါနဲ့ !!! "

ခွမ်း ~~~ အားးးး

ဝင်တားတဲ့ ခြံစောင့်ရဲ့မျက်နှာနဲ့ ကိုယ်က အက်စစ်နဲ့ပက်ခံလိုက်ရပြီး ကြောက်မက်ဖွယ်အသားတွေကို တိုက်စားသွားတယ်။ အိမ်အကူတွေရဲ့အော်ဟစ်ငိုယိုသံ ၊ မိဘနှစ်ပါးရဲ့အော်သံတွေ အားလုံးကို ဝမ်ရိပေါ်ကကြောင်ငေးလို့ကြည့်နေခဲ့တယ်။ သူအသံတောင်မထွက်နိုင်ခဲ့ဘူး။

"ရှင်နဲ့ ကွာမယ် အတ္တသမား ၊ ဝန်တိုစိတ်ကြီးတဲ့ လူ"

"ကွာမယ် ဟုတ်လား ငါမင်းကိုသတ်ပြစ်မယ်"

ဝမ်သခင်ကြီးက နံရံမှာ အလှချိတ်ထားတဲ့ ဓားရှည်ကိုဆွဲထုတ်ပြီး သူ့မိန်းမကို ထိုးစိုက်လိုက်တယ်။ သွေးတွေက အခန်းနံရံနဲ့ နေရာအနှံ့ စွန်းထင်းကုန်တယ်။ နှုတ်ကလဲ သွေးရူးသွေးတမ်းအော်ဟစ်တယ်။

Devil Wings (Completed)Dove le storie prendono vita. Scoprilo ora