DW(4)

11.5K 1.2K 66
                                    

Unicode

"နောက်တစ်ခါထပ်မပြောဘူး ဒီကိုလာထိုင်.. "

"...."

ဝမ်ရိပေါ်ရဲ့ နူးညံ့တဲ့အပြုံးတွေကပျောက်ကွယ်သွားပြီး ချက်ချင်းထရပ်လို့သူ့စီလျောက်လာတယ် ။ ရှောင်းကျန့်ရဲ့ပုခုံးတစ်ဖက်ကိုလက်နဲ့ကိုင်ထားပြီး ခေါင်း‌စောင်းလို့လည်တိုင်နား နှာခေါင်းကိုထိကပ်လိုက်တယ်။ ရှောင်းကျန့်က အနောက်ဆုတ်လို့ရှောင်တယ်။

"မလုပ်နဲ့ !..."

ဝမ်ရိပေါ်ကပိုတိုးလာတယ်။ သူ့လည်ပင်းကို ထပ်နမ်းဖို့ကြိုးစားတယ် ။

"မလုပ်နဲ့လို့ပြောနေတယ်လေ မင်းလူစကားနားမလည်ဘူးလား !!! .."

ရှောင်းကျန့်က ဝမ်ရိပေါ်ကိုအားကုန်တွန်းလိုက်တယ်။ ဝမ်ရိပေါ်က အနောက်ကစားပွဲနဲ့ကျောတိုက်မိပြီးလဲကျသွားတယ်။  သူပြန်ထ့မလာနိုင်ခင် ရှောင်းကျန့်ကတံခါးစီကိုအမြန်ပြေးတယ်။ အပြင်ရောက်မှ့ ရဲတိုင်မယ်။ ဒီအရူးကိုဖမ်းခိုင်းမယ်။

အပေါက်ဝနားအရောက်မှာပဲ အနောက်ကနေလက်တစ်စုံက ကြမ်းတမ်းစွာ သူ့ခါးကိုဖမ်းချုပ်လိုက်တယ်။

အွန့် အူးးး အွန်းးး~~~~~

ဘေးခန်းတွေကို အော်ဟစ်အကူအညီတောင်းဖို့ ကြိုးစားပေမဲ့ လက်တစ်ဖက်က သူ့ပါးစပ်ကိုတင်းကြပ်စွာအုပ်ထားတယ်။

အွန်းး ~~~~

လက်တွေနဲ့ ကုပ်ဖဲ့ ၊ ခြေထောက်နဲ့ကန်ဖို့ ကြိုးစားပေမဲ့ မအောင်မြင် ၊ ရုန်းရင်းဆန်ခတ်အခြေအနေမှာပဲ ထွက်ပေါ်လာတဲ့ တံခါးခေါက်သံ။

ဒေါက် ~~ဒေါက်

မုန့်ဇီရီက အခုမှအချိန်ကိုက်ရောက်လာတာပဲဖြစ်တယ်။ ဝူးဝါးအော်ဟစ်သံ ခပ်အုပ်အုပ်ကို သူမ ကြားရမှာမဟုတ်။ ရှောင်းကျန့်က ပိုပြီးရုန်းကန်တယ်။ ရင်ခွင်ကျယ်တစ်ခုထဲ နောက်ပြန်အနေအထားဖြင့် ချုပ်နှောင်ခံထားရသည်မှာ တင်းတင်းကြပ်ကြပ်။ သူ့လည်ပင်းကိုလာထိ့တဲ့ အေးစက်တဲ့အထိ့အတွေ့က ဓားတစ်ချောင်းဆိုတာသေချာတယ်။

"မလှုပ်နဲ့ ၊ သတ်ပစ်လိုက်မယ် "

ဝမ်ရိပေါ်က နတ်ဆိုးပဲ။ သေချာတယ်။ ဆိုက်ကို အရူးကောင်။ သူဘာလို့ဒီလိုကောင်နဲ့ ရေစက်လာဆုံရတာလဲ .....

Devil Wings (Completed)Où les histoires vivent. Découvrez maintenant