DW(7)

10K 1.2K 34
                                    

Unicode

August 16 ,

သူ့အတွက် လွတ်မြောက်ဖို့ မျော်လင့်ချက်မဲ့လာခဲ့တယ်။ ဝမ်ရိပေါ်က တနေကုန်ရှောင်းကျန့်နားမှာပဲနေတယ်။ အပြင်သွားရင် တံခါးပိတ်သွားတယ်။ သူထွက်ပြေးဖို့ကြိုးစားတာ ထပ်မိ့တယ် ။နောက်ဆုံးတော့ တကိုယ်လုံးကြိုးတုတ်ထားခံရတော့တယ်။ ဝမ်ရိပေါ်က အလွန်သတိ့ထားတယ်။ သူ့လက်ထဲကဓားကိုရှောင်းကျန့် လိုချင်နေမှန်းသိတယ်။ သူက တရေးတမောအိပ်ရင်တောင် ရှောင်းကျန့်ကို ကြိုးတုပ်ပြီးမှ့ဖက်အိပ်တယ်။ အရူးပါးဆိုတာ ဒါမျိုးနေမှာလို့ ရှောင်းကျန့်က မုန်းတီးစွာတွေးတယ်။

"စားလေ ..တနေကုန်ဘာမှ့မစားပဲ ဘာအချိုးချိုးနေတာလဲ ..."

"ငါမစားချင်ဘူး "

သေမလား ၊ရှင်မလား မသိနိုင်တဲ့ဘဝမှာ ဘယ်သူက စားချင်စိတ်ရှိဦးမှာလဲ ။

"အ့ အွန်းး "

စားစရာတွေက သူ့ပါးစပ်ထဲ ထိုးသွင်းခံရပြီး ပြန်ထွေးထုတ်ဖို့လုပ်တဲ့နှုတ်ခမ်းတွေကို နှုတ်ခမ်းတစ်စုံက ဖိကပ်ပိတ်ထားတယ်။ သူ့မျက်နှာနဲ့ အကျီတွေမှာ ဆီတွေနဲ့ အစအနတွေပေကျံကုန်တယ်။

"မထွေးရဘူး အကုန်မြိုချလိုက် "

ဝမ်ရိပေါ်ရဲ့ထမင်းခွံ့နည်းက အလွန်ကြောက်ဖို့ကောင်းတယ်။ ရွံဖို့လဲကောင်းတယ်။ ၃/၄ လုတ်စားပြီးနောက်မှာ သူအန်ချင်လာတယ်။

"ငါ တကယ် ...မစားနိုင်တော့ဘူး "

"နွားနို့နည်းနည်းတော့ သောက်ရမယ် "

နွားနို့ခွက်ကိုကိုယ်တိုင်ကိုင်ပြီး သောက်စေတယ်။ မျက်ရည်တွေလည်နေပြီး ပါးပြင်မှာရော ၊ လည်ပင်းနဲ့ အဝတ်အစားတွေမှာပါ ပေရေနေတဲ့သူ့ကို လက်ကဆွဲခေါ်လို့ ရေချိုးခန်းထဲထည့်တယ်။

"ငါ့ဘာသာ လုပ်မယ် မင်းထွက်သွားပေး "

"ကျွန်တော်ပိုင်တဲ့လူ ကျွန်တော့်စိတ်ကြိုက်လုပ်မယ် ၊ ငြိမ်ငြိမ်နေစမ်းပါ "

"ဟင့်အင်း .."

***********************************

အပိုင်းပိုင်း ပိုင်းဖြတ်ခံထားရသော အမျိုးသမီးအလောင်းကို ရပ်ကွက်တစ်ခုက အမှိုက်ပုံမှာ တွေ့ရှိတဲ့သတင်းက တမြို့လုံးထိန့်လန့်သွားရတယ်။ တရားခံက အလွန်ရက်စက်ပုံရတဲ့အပြင် အကြောက်အလန့်လဲကင်းမဲ့ပုံရတယ်။ ဒီဖြစ်ရပ်က လူတွေကြားထဲအလွန်နာမည်ကြီးနေပြီး လူတိုင်းအရမ်းကြောက်နေကြတာမို့ ရဲဌာနက အထက်အရာရှိတွေလဲဖိအားပေးခံရတယ်။ မီဒီယာတွေကလဲ အမြန်ဆုံး တရားခံကိုဖော်ထုတ်ပေးဖို့ တွန်းအားပေးကြတယ်။

Devil Wings (Completed)Tahanan ng mga kuwento. Tumuklas ngayon