DW(3)

12K 1.3K 37
                                    

Unicode

(August 14, 1:30pm )

စာသင်ချိန်မို့ ဆရာများနားနေခန်းထဲ ရှောင်းကျန့်တစ်ယောက်သာရှိတယ်။ နဖူးပြင်ကို လက်ဖြင့်ဖိနှိပ်ရင်း များပြားတဲ့ အဖြေလွှာတွေကိုစစ်နေရတယ်။ ဘောပင်ကိုင်ထားတဲ့လက်ကောက်ဝတ်နားက နီရဲနေတဲ့ လက်ရာတွေက သူ့စိတ်အခြေအနေကိုပိုပြီး‌ဆိုးဝါးစေတယ်။

"ဆရာရှောင်း နှုတ်ခမ်းတွေ ဘာဖြစ်တာလဲ "

"ဟို ...အပူ ..အပူကန်တာ .."

"အိုး တော်တော်ဆိုး‌ဆိုးပဲ ..ဂရုစိုက်ပါဦး "

လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမတွေရဲ့စကားသံတွေ။ တချို့လူတွေရဲ့ စူးစမ်းတဲ့အကြည့်တွေ။ ပြန်ကြားယောင်မိတယ်။  ဘာလို့သူ့ကိုမှ့လဲ ...အေးဆေးတည်ငြိမ်နေတဲ့သူ့ရဲ့ဘဝလေးက ဒီကျောင်းသားတစ်ယောက်ကြောင့် ဘာတွေဆက်ဖြစ်လာအုမ်းမှာလဲ။ ဒီကောင်လေးဟာ ရဲတင်းလွန်းတယ်။ဒီထက်လွန်လာရင် သူသည်းမခံနိုင်တော့ဘူး။

"ဆရာရှောင်းအတွက် ပေးခိုင်းလိုက်တာပါ.."

ကျောင်းစောင့်ဦးလေးကြီးလာပေးတဲ့ ထမင်းဘူးလေး။ဘယ်သူပေးတာလဲမေးတော့ အဖြေပြန်မပေးပဲထွက်သွားတယ်။ ဘူးကိုဖွင့်ကြည့်တော့ နာမည်ကြီးဆိုင်တစ်ဆိုင်က Lunch box ။  ထမင်း ၊ ဟင်းတွေကို အကန့်တွေနဲ့သပ်သပ်ရပ်ရပ် စားချင်စဖွယ်ပြုလုပ်ထားတယ်။ နောက်တဘူးက ဆူရှီတွေ နဲ့အာလူးကြော်တွေ ။ နောက်တဘူးကိုဖွင့်တော့ အသီးအနှံအစုံကိုသေချာလှလှပပစီရီထားတယ်။ ကတ်တစ်ကတ်ကိုတွေ့တာကြောင့် ဖွင့်ဖတ်လိုက်တယ်။

[နေ့လည်စာ ဘာလို့မစားသေးတာလဲ ..
စားလိုက်အုမ်း ၊အဆာလွန်ရင်ဗိုက်အောင့်တတ်တယ် ]

လက်ရေးက အလွန်စုတ်တယ် ။ သူမနည်းဖတ်ယူရတယ်။ သူနေ့လည်စာ မစားဖြစ်တာကို ဘယ်လိုသိတာလဲ။ သူ့ဗိုက်ကတကယ်လဲဆာနေပြီမို့ များများတွေးမနေပဲစားလိုက်တော့တယ်။ အဆိပ်တော့မခပ်ထားလောက်ဘူးမလား။ ခေါင်းလေးငုံ့လို့ ဖြည်းဖြည်းစားနေတဲ့ ဆရာပေါက်စလေးကို ပြတင်းပေါက်အကွယ်ကနေ ပြုံးလို့ကြည့်နေတဲ့ အရိပ်လေးတစ်ခုရှိတယ်။

*********************************
(August 14, 6:45pm )

တံခါးခေါက်သံကြောင့် မုန့်ဇီရီလာပြီးမှန်းသိလိုက်တယ်။ ဒီညထမင်းအတူစားဖို့ ချိန်းထားကြတာ။ မိန်းကလေးတန်မဲ့ သူ့တိုက်ခန်းကိုခဏခဏမလာဖို့ ပြောပေမဲ့ သူမကအမြဲစကားနာပြန်ထိုးတတ်တယ်။

Devil Wings (Completed)Tempat cerita menjadi hidup. Temukan sekarang