DW(19)

8.7K 1K 49
                                    

Unicode

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ဘဝထဲက ထွက်သွားခဲ့တယ်။ ဝမ်ရိပေါ်က အိမ်ဝယ်ပေးမယ်လို့ပြောပေမဲ့ သူလက်မခံခဲ့ဘူး။ ဝမ်ဒေါ်လေးရဲ့ အထင်အမြင်သေးတဲ့အကြည့်တွေကိုပြန်မြင်ယောင်လာတာကြောင့်ဖြစ်တယ်။ ပြီးတော့ သူဝမ်ရိပေါ် အပေါ်ထားခဲ့တဲ့ ဖြူစင်တဲ့စေတနာမေတ္တာတွေကို ငွေနဲ့တန်ဖိုးဖြတ်မခံချင်ဘူး။ သူက သူ့ရဲ့ကျောင်းဆရာသက်တမ်းတစ်လျောက်လုံးစုဆောင်းထားခဲ့တဲ့ လစာလေးနဲ့ အသင့်အတင့်ရှိတဲ့ တိုက်ခန်းလေး ဝယ်ဖို့လုပ်တယ်။

သူ့တတ်နိုင်တဲ့ငွေနဲ့ မြို့စွန်အဖျားလောက်မှာပဲ ရလောက်မယ်ထင်ခဲ့ပေမဲ့ ပွဲစားကသူ့ကို မြို့ထဲက တိုက်ခန်းတစ်ခု ဗိုက်နာဈေးနဲ့ရောင်းနေတယ်လို့ဝမ်းသာအားရ ဖုန်းဆက်တယ်။ သူသွားကြည့်တော့လဲ ဈေးက ထက်ဝက်မက့ တန်လွန်းနေတာကြောင့် အမြန်ပဲငွေချေလိုက်တယ်။ ပိုင်ရှင်က အထဲကပရိဘောဂတွေကိုပါ ရှောင်းကျန့်ကိုသဘောကောင်းစွာ အလကားပေးလိုက်သေးတယ်။ ပစ္စည်းအားလုံးက အသစ်အတိုင်းဖြစ်ပြီး ဒီလိုပေးပစ်တာ မခြွေတာရာကျလွန်းတယ်လို့ ရှောင်းကျန့်ကတော့ထင်တာပဲ။

ဒီတိုက်ခန်းလေးက ဝမ်ရိပေါ်ရဲ့ကွန်ဒိုလောက်မကောင်းပေမဲ့ တော်တော်ကျယ်ဝန်းပြီး သပ်ရပ်တယ်။ သူ့ကျောင်းနဲ့လဲ သိပ်မဝေးဘူး။ ဘတ်စ်ကားစီးရင် 15မိနစ်လောက်ပဲစီးရတယ်။ ဝမ်ရိပေါ်နဲ့ ခွဲနေရတဲ့ပထမဆုံးမနက်ခင်းက နဲနဲတော့ကြောင်တောင်တောင်နိုင်တယ်။ အကျင့်ပါနေတဲ့ ရှောင်းကျန့်က မ‌နက်စောစောထပြီး ကောင်လေးကြိုက်တတ်တဲ့မနက်စာတွေ ထပြင်ဆင်ဖို့လုပ်တယ်။ နောက်မှ့ သူက ဝမ်ရိပေါ်နဲ့တစ်အိမ်ထဲအတူမနေတော့ဘူးဆိုတာ သတိ့ရတယ်။

ဖုန်းသုံးရင်း ရယ်စရာဟာသပုံလေးတွေ၊ videoလေးတွေတွေ့ရင် ဝမ်ရိပေါ်ကိုပြမယ်ဆိုပြီး သိမ်းမိ့တယ်။နောက်မှ့ ပြန်သတိရတာက သူမှာ ရိပေါ်မှမရှိတော့တာ။မရှိတော့ဘူးဆိုမှ့ ဝမ်ရိပေါ်က သူ့အတွက်ဘယ်လောက်တောင်အရေးပါခဲ့မှန်းပိုသိလာရတယ်။ ဝမ်ရိပေါ်စီက ထွက်သွားနိုင်ရင် သူအရမ်းကို လွတ်လပ်သွားမယ်လို့ တွေးခဲ့ပေမဲ့ တကယ်တမ်းကျ ထင်သလောက်လဲ ပျော်စရာကောင်းမနေခဲ့ဘူး။

Devil Wings (Completed)Donde viven las historias. Descúbrelo ahora