DW(10)

9.5K 1K 61
                                    

Unicode

ဒေါင် ~~~ဒေါင် ~~~~ဒေါင်

" မင်္ဂလာပါ ဆရာ့နာမည်က ရှောင်းကျန့်ပါ
ကိုယ်က ဆရာရှင်းရဲ့နေရာမှာ တစ်လအစားထိုးတာဝန်ယူသင်ကြားပေးမှာပါ။ အားလုံးပဲ ဒီတစ်လအတွင်းမှာအတူကြိုးစားကြဖို့ ကိုယ်မျှော်လင့်ပါတယ်"

သူ့နှုတ်က ကိုယ်တိုင်ပြောနေတဲ့စကားသံတွေ။

"ဆရာအသစ်က ချောလိုက်တာ ငါကကျောင်းသားမှတ်လို့ ..."

"တစ်လမဟုတ်ပဲ တစ်သက်လုံးသင်လိုက်ပါလား ဆရာရှောင်းရယ် "

"ဆရာက ငယ်သေးသလိုပဲ နောက်ဆုံးနှစ်ကအရေးကြီးတယ် ၊ သူစာသင်တာ နားကောလည်ပါ့မလား "

ခပ်တိုးတိုးမှတ်ချက်ချသံတွေ။ ဒီစကားသံတွေကိုသူ ဘယ်မေ့ပါအုမ်းမလဲ ။ မတ်မတ်ရပ်နေတဲ့ ကိုယ်က အနည်းငယ်တုန်ရင်နေတယ်။

ဘုရားရေ...သူက သေသွားပြီမဟုတ်လား.....

အိပ်မက်မက်နေတယ်ဆိုရအောင်ကလည်း အဖြစ်အပျက်အားလုံးက ရှင်းလင်းစွာ။ ရင်ဘတ်ကို ထိန့်လန့်စွာ ငုံ့ကြည့်မိတော့ ဘာဓားဒဏ်ရာမှ့မရှိ။ ဘောင်းဘီအိတ်ထဲကဖုန်းကို ထုတ်ယူကြည့်လိုက်တယ်။

(August 13 , 9:40am)

ဘာတွေ ဖြစ်ကုန်တာလဲ .....????

ရုတ်တရက်ပြောင်းလဲသွားတဲ့ ဆရာအသစ်ရဲ့အမူအရာကြောင့်အားလုံးက အံ့အားသင့်စွာ ဝိုင်းကြည့်နေကြတယ်။

"ဆရာရှောင်း ဘာဖြစ်လို့လဲ ၊ အဆင်ပြေရဲ့လား "

ဆံပင်အမြင့်ချီထားတဲ့ ကောင်မလေးက ရှေ့ထွက်လာပြီးစိတ်ပူစွာမေးတယ်။

"မင်းက ဒီအတန်းရဲ့အတန်းခေါင်းဆောင်လား "

"ဟုတ်ကဲ့  ဆရာ ဒါက ကျောင်းသားစာရင်းပါ"

"သွားထိုင်တော့ .."

"ဟုတ်ကဲ့ဆရာ "

စိတ်ကိုတည်ငြိမ်အောင်ထားပြီး အတန်းရဲ့နောက်ဆုံးကိုသတိထားကြည့်လိုက်တယ် ။သူ့ရဲ့နတ်ဆိုးက ရှောင်းကျန့်ကို အရင်ပုံစံအတိုင်း စိုက်ကြည့်နေခဲ့တာပဲ။ ဘာမှမပြောင်းမလဲ ၊ အကြည့်တွေ ၊ ပမာမခန့်အမူအရာတွေ ...အားလုံး အတူတူ ၊ တထပ်ထဲပဲ။ မိုးနတ်မင်းက ရှောင်းကျန့်ကိုလက်ဆောင်တစ်ခုပေးခဲ့တယ်ထင်တယ်။ အဲ့ဒါက သူ့ကို နောက်တစ်ခါ ထပ်ရှင်သန်ခွင့်ပေးလိုက်တာပဲ။ ဒီအခွင့်အရေးကို သူဘာလို့ မဆုပ်ကိုင်ထားနိုင်ရမှာလဲ ။ သူဝမ်ရိပေါ်ဆိုတဲ့ အရူးကိုလျစ်လျူရှု့မယ်။ ဒီကောင်လေးနဲ့ဝေးဝေးနေရမယ်။

Devil Wings (Completed)Donde viven las historias. Descúbrelo ahora