DW(17)

9K 1K 36
                                    

Unicode

ပိတ်မိနေခဲ့တဲ့ ၅ရက်တာထဲက အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့ပြီးနောက် သူ့ဘဝကပုံမှန်ပဲ ပြန်ဖြစ်လာတော့တယ်။ ခွင့်ယူထားတဲ့ Englishစာ ဆရာက သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် အလုပ်ထွက်လိုက်တာမို့ ၊ ရှောင်းကျန့်က အစမ်းခန့်ဆရာပေါက်စလေးကနေ အမြဲတမ်းဝန်ထမ်းအဖြစ် ရာထူးတက်သွားခဲ့တယ်။ စာသင်နှစ်ကုန်တဲ့အထိ သူကဝမ်ရိပေါ်ကို ဆက်ပြီးစောင့်ရှောက်ပေးခဲ့တယ်။ ဝမ်ရိပေါ်ရဲ့ အခြေအနေကလဲ မှန်မှန်ကုသနေတာကြောင့် တဖြည်းဖြည်းတော်တော်သက်သာသွားပြီ။

ရှောင်းကျန့်က ဝမ်ရိပေါ်ကို ဘာလို့အိမ်မှာဆက်ခေါ်ထားမိ့လဲ သူ့ကိုယ်သူတောင်နားမလည်တော့ဘူး ။ ဝမ်ရိပေါ်က ရုပ်ပိုင်းဆိုင်ရာသန်မာပေမဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု့ရှိနေတဲ့ကလေး။ သူတကယ် ဒီကောင်လေးကို တစ်ယောက်ထဲ ဖြစ်ချင်ရာဖြစ် ပြစ်ပယ်မထားနိုင်ခဲ့ဘူး။ ပိုးဖလံမျိုး မီးကိုတိုးဆိုသလိုပဲ။ ပူမယ်မှန်းသိသိရက်နဲ့ လက်အပူခံပြီးကို ဒီကောင်လေးကိုလက်ခံထားမိတာ။

ဒီကောင်လေးဟာ အချိန်မရွေးစိတ်ဖောက်နိုင်မှန်းသိသိရက်နဲ့ ....အပင်ပေါက်လေးတစ်ပင်လို ကြီးပြင်းလာတဲ့အထိ့ ပျိုးထောင်ပေးချင်ခဲ့မိတာ။ ဒီအပင်လေး သန်မာလာပြီး သူ့ခြေထောက်ပေါ်သူကောင်းကောင်းရပ်နိုင်တဲ့တနေ့ကျရင်တော့ သူတို့ရဲ့ပတ်သပ်မှု့ကို အဆုံးသတ်ရတော့မယ်။ ရှောင်းကျန့်ရဲ့စိတ်ထဲမှာ ဝမ်ရိပေါ်သူ့ကို ချစ်နေတာကိုအချစ်လို့လက်မခံဘူး။ စွဲလမ်းမှု့တစ်ခုလို့ သူထင်နေတယ်။

ဝမ်ရိပေါ်ဘက်ကတော့ ဒီလိုတွေးပုံမရဘူး။ ဝမ်ရိပေါ်က ရှောင်းကျန့်ကို ပိုပိုပြီးတွယ်တာလာပြီး ၊ ရှောင်းကျန့်ရဲ့စကားဆို အားလုံးနားထောင်တယ်။ အချိန်တွေက မြန်မြန်ပဲကုန်သွားပြီး ဝမ်ရိပေါ်က တက္ကသိုလ်ကောင်းကောင်းတစ်ခုမှာ ဝင်ခွင့်ရတယ်။ တက္ကသိုလ်တက်ရတော့မယ်ဆိုတော့ အသွားအလာ ပိုအဆင်မပြေတော့တာကြောင့် ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ကွန်ဒိုကို လိုက်ပြောင်းနေပေးရတော့တယ်။ သူ့ရဲ့ တိုက်ခန်းအဟောင်းလေးကတော့ အခန်းပြန်အပ်လိုက်ရတယ်။

Devil Wings (Completed)Donde viven las historias. Descúbrelo ahora