DW(15)

9K 1K 62
                                    

Unicode

August 15, 5:30pm

"ဝင်သွားလိုက်လေ ၊ ဘာမှမဖြစ်ဘူး ။ ကော အပြင်မှာစောင့်နေမယ် ။ သူတို့မေးတာကို လိမ်လိမ်မာမာလေးဖြေလိုက်နော် "

"ကျွန်တော်နေကောင်းတယ် ၊ ဘာလို့ ဆေးခန်းပြရမှာလဲ "

"မင်းပြောတော့ ငါ့စကားနားထောင်မယ်ဆို "

"နားထောင်မှာပါ ...ဒါဆိုဒီမှာပဲ ထိုင်နေနော်၊ ဘယ်မှမသွားနဲ့နော် ကျန့်ကော "

ဝမ်ရိပေါ်က ရှောင်းကျန့်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ သီးသန့်ခန်းထဲဝင်သွားတယ်။ ရှောင်းကျန့်က ခုမှကလေးတစ်ယောက် ကောက်ရသလိုဖြစ်နေတယ်။ကံကြမ္မာက ရှောင်းကျန့်ဟာ ဝမ်ရိပေါ်အတွက်လို့ တံဆိပ်ကပ်နှိပ်ပေးလိုက်သည်ပဲလား ...ဒီကောင်လေးစီက ထွက်သွားလို့မရနိုင်အောင်ပဲ သူ့ကိုလိုအပ်နေလိုက်တာ ...

"ဆရာ ! "

"လူနာရှင် ဆရာနဲ့စကားနည်းနည်း ပြောရအောင် "

"ရိပေါ်ရော ...သူအဆင်ပြေရဲ့လား "

"အိပ်မွေ့ချကုထုံးနဲ့ ကုထားတာမို့ သူအခုအိပ်မောကျနေသေးတယ်။ သိပ်မကြာခင်နိုးလာမှာပါ "

"ဟုတ်ကဲ့ "

ရှောင်းကျန့်က ဆရာဝန်ရဲ့ ရုံးခန်းထဲလိုက်သွားလိုက်တယ်။

"ဒါနဲ့ ရှောင်းကျန့်ဆိုတာ ဘယ်သူလဲ "

"ဗျာ ..."

"လူနာကို အိပ်မွေ့ချပြီး မေးခွန်းတချို့မေးခဲ့တယ်။တစ်ချိန်လုံး ရှောင်းကျန့်ကို ချစ်တယ်လို့ပဲပြောနေတယ်"

ရှောင်းကျန့်က ဆရာရှေ့မို့ မျက်နှာလေးနီရဲသွားတယ်။

"ကောင်လေးက စိတ်အတက်အကျမြန်တဲ့ရောဂါကိုခံစားနေရတယ်။  လိုတာထက်ပိုပြီး စိတ်ဖိစီးတဲ့အခါမျိုးပေါ့။ အရမ်းဝမ်းနည်းတာ ၊ အရမ်းဒေါသဖြစ်လာတာ အဲ့လိုခံစားချက်တွေကိုအလွန်အကြူးဖြစ်လာတဲ့အခါ သူစိတ်ဖောက်လိမ့်မယ်၊ အဲ့လိုအချိန်မှာ အနားကလူကိုထိခိုက်အောင် လုပ်မိနိုင်သလို ၊ သူ့ကိုယ်သူသတ်သေတာမျိုးထိ့လဲ ဖြစ်နိုင်တယ် "

"ဒီလိုပါဆရာ ...သူ့မိသားစုက ×××××××××
ဒါက သူစွဲသောက်နေတဲ့ ဆေးပါ
ကျွန်တော်ဒါကို သူ့စီကပြန်သိမ်းထားတယ်
လုံးဝချက်ချင်းကြီးဖြတ်ချလိုက်ရင် သူတစ်ခုခုဖြစ်နိုင်လားဆရာ "

Devil Wings (Completed)Donde viven las historias. Descúbrelo ahora