အပိုင်း - ၄

62.5K 4.7K 174
                                    

[ သူကြီးသမက် ]

" သူကြီးရေ ဦးဘဝင်းဆုံးသွားပြီတဲ့ !"

‌" ဟေ ! ဟုတ်လား !"

တပည့်လုပ်သူ ဝင်းကိုအပြောကြောင့် သူကြီးဦးနွေအောင်စိတ်မကောင်းဖြစ်သွားမိသည်။ ဦးဘဝင်ဆိုတာက သူနဲ့ကျောင်းနေဘက်သူငယ်ချင်းများဖြစ်ပြီး အရွယ်တူတွေဆိုပေမဲ့ အခုတော့အရင်သွားနှင့်ပြီဖြစ်သည်။

" မိန်းမရေ ,,, ဘဝင်းကြီးဆုံးပြီတဲ့ ငါ့တို့သတင်းသွားမေးရအောင် မင်းလည်းလိုက်ခဲ့ဦး "

" ကျုပ်လည်းကြားရတာစိတ်မကောင်းဘူးတော် ဘဝင်းကြီးကစိတ်သဘောထားသိပ်ကောင်းတာ အခုတော့ ကြည့်ပါဦး သေခြင်းတရားကသိပ်ကြောက်ဖို့ကောင်းတာပဲ "

မိန်းမလုပ်သူဒေါ်ခင်ရိပ်ကအိမ်ထံရံမှာချိတ်ထားတဲ့မြက်ခမောက်ကိုခေါင်းမှာစောင်းရင်းနဲ့ပြောလာသည်။

" အဲဒါပြောတာပေါ့ လူဆိုတာကွေးသောလက်မဆန်မှီ ဆန်သောလက်မကွေးမှီလူဘဝကြီးကို ဘယ်အချိန်နှုတ်ဆက်ရမလဲမသိဘူး ဒါကြောင့်သေရင်ကိုယ်နောက်ပါမယ်တရားဘာဝနာတရားကိုများများရှာသင့်တယ် ငါ့ငယ်သေးတယ် ဘုရားတရားကြီးလာမှလုပ်မယ်ဆိုတာမျိုးတွေ မင်းရဲ့သမီးနဲ့မင်းသားကိုလည်းမတွေးစေနဲ့ဘုရားတရားလုပ်ဖို့မှာထားဦး !"

ယောကျ်ားလုပ်သူရဲ့အပြောကို ဒေါ်ခင်ရိပ်ဘာမှမပြောတော့ပဲ အကူငွေထည့်ရန်ပိုက်ဆံတစ်‌သောင်းတန်တချို့ကိုရင်ဘက်ကြားထိုးထည့်လိုက်၍ နာရေးအိမ်ကိုလာခဲ့ကြတော့သည်။

နာရေးအိမ်ရောက်တော့ ရွာထဲကလူကြီးတချို့နဲ့ ကာလသားတချို့ကအလောင်းကိုလိုအပ်တာများပြင်ဆင်နေ၍ အလောင်းနံဘေးမှာတော့ ဘဝင်းရဲ့မိန်းမလုပ်သူ ဒေါ်ကြည်အေးကအော်ငိုနေသည်။

" ရိုးမာန်ဂုဏ်ရေ အလောင်းကမနက်ဖြန်ညနေသုံးနာရီမှချမှာဆိုတော့ အလောင်းနံဘေးထားဖို့ကျောက်ဖရုံသီးတစ်လုံးလောက်ရှာခဲ့ပါဦး "

" ရှိတယ် ရှိတယ် အိမ်နောက်မှာ ငရိုးသွားခူးလာခဲ့ "

‌အရီးကြည်အေးကငိုရင်းနဲ့ပြောလာသည်။

ရိုးလည်းအရီးကြည်အေးတို့အိမ်အနောက်က ဖရုံသီး ဘူးသီး ပဲသီး ရာသီအလိုက်စိုက်ပျိုးထားတဲ့ အခင်းလေးထဲဆင်းလာ၍ ကျောက်ဖရုံသီးခပ်ကြီးကြီးတစ်လုံးခူးယူလိုက်ပြီး အိမ်ထဲပြန်ဝင်လာခဲ့လိုက်သည်။

( သူကြီးသမက် )  CompletedWhere stories live. Discover now